ကော့ကရိတ်မြို့၏ အရှေ့ဘက် ဆင်ကုန်းရွာတွင် အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များ ရွာသားများအားမောင်းထုတ် ထားပြီး အခြေပြုစခန်းပြုလုပ်ထား

ဇူလိုင် ၂၈

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၏ အရှေ့ဘက် နန်းကော်တိုးရွာနားကပ်လျှက်ဖြစ်သော ဆင်ကုန်းရွာတွင် အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် ဇူလှိုင် ၂၆ ရက်နေ့တွင် မြို့ဘက်မှလာသော လမ်းအားခြံစည်းရိုးပိတ်၍ကာရန်ခြင်း၊ တတန်ကူးဘက်မှလာသောလမ်းအား ခြံစည်းရိုးပိတ်၍ကာရန်ခြင်းများပြုလုပ်၍အခြေပြုနေကြောင်း၊ အဆိုပါ အကြမ်းဖက်အဖွဲ့က ဆင်ကုန်းရွာသည်ရွာသားများအားမောင်းထုတ်ထားပြီး အခြေပြုစခန်းပြုလုပ်ထားကြောင်း အဆိုပါရွာမှ ရွာသားများက သတင်းပေးပို့လာပါသည်။

      အကြမ်းဖက်သောင်းကျန်းသူများ အခြေပြုနေကြောင်း သတင်းအရ နယ်မြေခံတပ်ရင်း ခလရ ၉၇ က ယမန်နေ့ ညနေပိုင်းတွင်  ၎င်းနေရာအားလက်နက်ကြီးပစ်ခတ်ခဲ့ရာ သောင်းကျန်းသူများထိခိုက်မူရရှိခဲ့ကြောင်း၊ အခြေပြုထားသောနေအိမ်များပျက်စီးကြောင်းသတင်းသိရှိရပါ သည်။

#PAN