“ထိုင်း MFP ပါတီခေါင်းဆောင်၏ ဝန်ကြီးချုပ်ခန့်အပ်နိုင်ရေး အသနားခံစာက်ို လာမည့် သြဂုတ်လတွင် ထိုင်းနိုင်ငံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက လက်ခံစဥ်း စားသွား ဖွယ်ရှိနေ”

ဇူလိုင် ၂၇

Move Forward ပါတီ (MFP) ၏ ခေါင်းဆောင် Pita Limjaroenratအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်နိုင် ခြင်းနှင့် ပတ်သက်၍ အသနားခံစာကို လာမယ့် အပတ် ကြာသပတေးနေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးက လက်ခံစဉ်းစား သွားမည် ဖြစ်ကြောင်း သတင်းဌာနများက ဖော်ပြပြော ဆိုထားကြပါတယ်။

ထိုင်း တရားရုံးက ယခုသီတင်းပတ် အစောပိုင်း အချိန်က မစ္စတာ Pita ကို ထိုင်း ဝန်ကြီး ရာထူးခန့်အပ်ခြင်းကို ပယ်ချခဲ့ ခြင်းများ နှင့် Pita အား ၀န်ကြီးချုပ်ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် လွှတ်တော်ကို အမိန့်ပေးခဲ့ တာလည်းဖြစ်ပါတယ်။

လာမည့် ဩဂုတ်လ ၉ ရက်နေ့ မှာ MFP ပါတီ ခေါင်းဆာင် အား တရားရုံးအား အသနားခံ စာတင်ဖို့ စီရင်ချက်ချဖို့ ဆုံးဖြတ် နိုင်တယ်လို့ ခန့်မှန်းရပြီး မစ္စတာ ပီတာအား ရာထူး ခန့်အပ် ခြင်း ဆိုင်ရာ ဆုံးဖြတ်ချက်များကို ပြန်လည် သုံးသပ်ရန် ပါလီမန်သို့ တောင်းဆိုမည့် MFP ပါလီမန်အမတ်အချို့နှင့်လည်း သဘောထား ကွဲလွဲမှုများ လည်းရှိနေကြောင်း လည်း မစ္စတာဝမ်က ထုတ်ဖော်ပြောဆိုခဲ့တာ လည်းဖြစ်ပါတယ်။

ထို့နောက် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ဒီမိုကရက် တစ်ပါတီမှ ပါလီမန်အမတ် Chuan Leekpai က ဝန်ကြီးချုပ် ရာထူးရွေးချယ် မှုသည် စစ်တပ်ကခန့်အပ်ထားသော အထက် လွှတ်တော် အမတ်များ၏ ၅ နှစ်သက် တမ်းမကုန်ဆုံးမီတွင် ဝန်ကြီးချုပ်ရွေးချယ်မှုကို ကောင်းမွန်စွာပြီးစီးနိုင်ဖွယ်ရှိကြောင်း ပြောကြား ခဲ့တာလည်းဖြစ်ပါတယ်။

လာမည့်မေလတွင် လက်ရှိအာဏာရပါတီ ထိုင်းအစိုးရပါ သက်တမ်းကုန် ဆုံးမည့် အချိန်ကို စောင့်သင့်တယ်လို့ MFP ပါတီ ဦးဆောင်သော မဟာမိတ်အဖွဲ့မှ ပါတီငယ် အချို့မှ ပြောဆိုနေ ကြတာတွေ လည်းရှိ နေပါတယ် လို့ သတင်းဌာနများ ကဖာ်ပြပြောဆိုထားကြပါတယ်။