မကွေးတိုင်းဒေသကြီးအတွင်း အကြမ်ဖက်သောင်းကျန်းသူ PDF များက အပြစ်မဲ့ပြည်သူများကို Drone ဖြင့် ဗုံးများပစ်ချခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများပြုလုပ်၊ လုံခြုံရေးအဖွဲ့က Drone တစ်စီးကို ပစ်ချခဲ့

ဇူလိုင် ၂၆

         ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင်မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့များကို ဗုံးပစ်ချတိုက်ခိုက်ရန် ပျံသန်းလာသည့် ဒလက် ၆ ခုပါ Drone တစ်စီးအား လုံခြုံရေးအဖွဲ့များက Drone gun ဖြင့် ပစ်ချခဲ့ကြောင်း၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ၊ဆေးရုံများ၊ အပြစ်မဲ့ပြည်သူများကို အကြမ်ဖက်သောင်းကျန်းသူ PDF များက Drone များ အသုံးပြု၍ မကြာခဏ ဗုံးချတိုက်ခိုက်လျက်ရှိကြောင်း သိရပါသည်။

       ထို့အပြင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ၊ကျီးပင်ပုအုပ်စု၊ ဒေါင်းစားကျေးရွာမှ အပြစ်မဲ့ ပြည်သူ ကိုကျော်မြင့်ဦးကို အကြမ်ဖက်သောင်း ကျန်းသူ PDF များက ယမန်နေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်က ၎င်း၏ယာထဲတွင် လာရောက်ဖမ်း ဆီးခေါ်ဆောင်သွားပြီး ကွင်းရွာနှင့် ပေါင်းလောင်းကန်ရွာကြား ဆည်ဘောင်ပေါ်တွင် ပစ်သတ်ခဲ့ကာ ဆိုင်ကယ်နှင့် တယ်လီဖုန်းတို့ကို ယူဆောင်သွားကြောင်း သတင်းရရှိပါသည်။

#PAN