တမူးမြို့နယ်၊ ခမ်းပတ်ကျေးရွာ တစ်ဖက်ကမ်း ကနန်ရွာတွင် ရဟတ်ယာဥ်များဖြင့် ရောက်ရှိလာသော တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့တို့ တိုက်ပွဲအပြင်း အထန်ဖြစ်ပွား

ဇူလိုင် ၂၅

       ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်း တိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ခမ်းပတ်တစ်ဖက်ကမ်း အကြမ်းဖက်သောင်းကျန်းသူ PDF များရှိရာ ကနန်ရွာသို့ ရဟတ်ယာဥ်၂စီးဖြင့် စစ်ဆင်ရေးဝင်ရောက်မည့် တပ်ဖွဲ့ဝင်များကို ချထားပေးခဲ့ပြီး၊
အဆိုပါအဖွဲ့နှင့် အကြမ်းဖက်သောင်းကျန်းသူ PDF များ ကနန်ရွာထဲတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်းသိရသည်။

     ယနေ့ နံနက်ပိုင်းမှစပြီး အဆိုပါတပ်မတော်စစ်ကြောင်းသည် လက်နက်ကြီးများဖြင့် ပစ်ခတ်သော ခမ်းပတ်အရှေ့ဘက်ခြမ်းအားရှင်းလင်းမှုပြုလုပ်ရာ ညနေ ၅ န ရီခွဲအချိန်တွင် တပ်မတော်ရဟတ်ယာဥ် MI. 35 ဖြင့် လာရောက်ပြီး နာရီဝက်ခန့် ပစ်ခတ်၍ လေကြောင်းပစ်ကူပေးခဲ့ကြောင်း၊ညနေ ၆ နာရီခွဲအချိန်တွင် အဆိုပါတပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် PDF များ ကနန်ကျေးရွာဘက်ခြမ်းတွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကြောင်း သိရပါသည်။

     အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ PDF များသည် အင်အား ၅၀၀ နှင့် ၁၀၀၀ ကြားရှိကြောင်း၊ ခမ်းပတ်ရွာအား ဝိုင်းပတ်ပိတ်ဆို့ထားကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။

#PAN