Mauritius International 2023 ပြိုင်ပွဲမှာ တတိယဆု ရရှိခဲ့တဲ့ သက်ထားသူဇာ

ဇူလိုင် ၂၅

    မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ Mauritius International 2023 တွင် တတိယဆု ရရှိခဲ့ပါတယ်။

    ၎င်းပြိုင်ပွဲကို အိန္ဒိယသမုဒ္ဒရာရှိ ကျွန်းနိုင်ငံဖြစ်သည့် မောရစ်သျှနိုင်ငံတွင် ဇူလိုင်လ ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး သက်ထားသူဇာက ၃၂  ဦးအဆင့်မှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကာ တတိယဆု ရရှိခဲ့ခြင်းလဲဖြစ်ပါတယ်။

    သက်ထားသူဇာဟာ လာမည့် ဇူလိုင် ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် ST DENIS REUNION OPEN 2023 တွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်။

Photos: Thet Htar Thuzar – instagram