နွားထိုးကြီးမြို့နယ်အတွင်းရှိ Mytel တာဝါတိုင်အတွင်းမှ System ပုံးနှင့် ဆက်စပ်ပစ္စည်းများကို PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီး

ဇူလိုင် ၂၁

     ယနေ့ ည ၇ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၏ အနောက်ဘက် ၅ မိုင်ခန့်အကွာ နွားထိုးကြီးမြို့ နယ်၊ လျှော်ဖြူ(တ)ကျေးရွာအနီးရှိ Mytel တာဝါတိုင်အတွင်းမှ System ပုံးနှင့် ဆက်စပ်ပစ္စည်းများကို PDF အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူ အမည်/အင်အား(စိစစ်ဆဲ)က လာရောက်၍ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရပါသည်။

    ထိုသို့ ဖောက်ခွဲဖျက်ဆီးခြင်းကြောင့် Mytel တိုင်အတွင်းရှိ System ပုံး ပျက်စီးသွားခဲ့ကြောင်း နှင့် အဆိုပါ ပေါက်ကွဲမှုကြောင့် လူ/တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်း၊ နွားထိုးကြီးမြို့နယ်အတွင်း Mytel တာဝါတိုင် စုစုပေါင်း ၃၁ ခု ရှိကြောင်း သတင်းရရှိပါသည်။

#PAN