ဒဂုံမြို့နယ်(အရှေ့ပိုင်း)တွင် ရာအိမ်မှူး တစ်ဦးကို လူသတ်အကြမ်းဖက် PDF နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၂၁

      ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်(အရှေ့ပိုင်း)၊ အမှတ် (၁၁၈)ရပ်ကွက်၊ဦးမြူလမ်းနှင့် အောင် သပြေလမ်ထောင့်၌ အမှတ်(၁၂၅)ရပ်ကွက်၊ ရာအိမ်မှူး ဦးကျော်လွင်၊ ၃၅ နှစ်သည် ဆိုင်ကယ် မောင်းနှင်လာစဉ် နောက်မှဆိုင်ကယ်ဖြင့် စိစစ်ဆဲ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF နှစ်ဦးက လိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း သိရပါသည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးကျော်လွင် မှာ နဖူးတွင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ၊ ဝမ်းဗိုက်တွင် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

       ပြည်ပြေးအကြမ်းဖက်အဖွဲ့ NUG လက်ဝေခံ PDF အမည်ခံ လူသတ်အကြမ်းဖက်အဖွဲ့များ သည် လက်ရှိ နစက အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားပျက်ပြားစေရန်ရည်ရွယ်ပြီး အောက်ခြေ ရပ်ကျေးအဆင့်ရှိ အုပ်ချုပ်သူများကို လိုက်လံသတ်ဖြတ်နေခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုသို့ လိုက်လံသတ်ဖြတ်ခြင်းဖြင့် အရပ်သားပြည်သူများသာ သေဆုံးကြရပြီး အစိုးရး၏ အုပ်ချုပ်ရေးယန္တရားမှာ ပုံမှန်အတိုင်း လည်ပတ်လျှက်ရှိနေပါသည်။ ထိုသို့ NUG နှင့် PDF တို့၏ လူသတ်အကြမ်းဖက်ဝါဒကို ပြည်သူများက ရွံရှာမုန်းတီးလာကြကြောင်း သိရပါသည်။

#PAN