“လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အမေရိကန်နိုင်ငံ အရှေ့တောင်ဘက်ပိုင်း မြောက်ကယ်ရိုလိုင်းနားပြည်နယ်အတွင်းရှိ သက်တမ်း ၁၇၀နှစ်နီးပါးထိရှိပြီဖြစ်သော Pfizer ဆေးဝါး စက်ရုံကြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့”

ဇူလိုင် ၂၀

အမေရိကန် နိုင်ငံ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်ရှိ Rocky Mountမြို့ အနီးတွင် ပြီးခဲ့သည့် ဇူလိုင် ၁၉ရက် ဗုဒ္ဓဟူးနေ့ နေ့လယ် ပိုင်းအချိန်က လေဆင်နှာမောင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး အမေရိကန်နိုင်ငံ၏ နှစ်ပေါင်း သက်တမ်း ၁၇၀နှစ်နီးပါးရှိ Pfizer ဆေးဝါး ကုန်ထုတ်လုပ်ရေး အဆောက်အအုံကြီး တစ်ခုလုံး ပျက်စီးသွားခဲ့ကြောင်း သတင်းဌာနများက ဖော်ပြပြောဆိုထားကြပြီး လူထိခိုက်မှုတော့ မရှိဘူးလို့လည်း မြောက်ကယ်ရိုလိုင်းနား ပြည်နယ် ၏ အာဏာပိုင်များက ဖော်ပြပြော ဆိုထားကြပါတယ်။

ထို့နောက် Pfizer ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင်လည်း ၎င်းတို့ ကုမ္ပဏီကြီး၏ ဝန်ထမ်းများအားလုံးကို ဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ထုတ်ပြန် ပြောကြားထားပါတယ်။

မကြားသေးမှီအချိန်ကလည်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မှ တောင်ဖလော်ရီ ဒါပြည်နယ်များ အတွင်းရှိ ဧရိယာများ တွင် အပူလွန်ကဲမှုဒဏ်များကို ခံစားခဲ့ရ ကြောင်း လည်း သတင်းဌာနများ ကဖော်ပြပြော ဆိုထားကြပါတယ်။