“ယနေ့ ဇူလ်ိုင် ၂၀ရက်နေ့မှစတင်ပြီး ရုရှားနိုင်ငံက ပင်လယ်နက်မှ တစ်ဆင့် ယူကရိန်းဆိပ်ကမ်းများသို့ သွားလာနေသော သင်္ဘောအားလုံးကို ယူကရိန်း စစ်တပ်၏ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး သင်္ဘောများအဖြစ် သတ်မှတ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထား”

ဇူလ်ိုင် ၂၀

ယူကရိန်းနိုင်ငံ ဆိပ်ကမ်းများအတွင်း ကမ်းကပ်ထားသော သင်္ဘောအားလုံးကို စစ်ရေယာဉ်များအဖြစ် ရုရှားက ရှုမြင်ကြောင်း တရားဝင်ထုတ်ပြန် ပြောဆ်ိုခဲ့တာဖြစ်ပါတယ်။

ပင်လယ်နက်ပင်လယ်ပြင် မှတစ်ဆင့် ယူကရိန်းနိုင်ငံ ဆိပ်ကမ်းများသို့ သွားလာ နေသည့် သင်္ဘောအားလုံးကို ရုရှားနိုင်ငံအနေဖြင့် ယူကရိန်း နိုင်ငံအတွက် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး ကုန်တင်သင်္ဘောများအဖြစ် သတ်မှတ်သွားမည် ဖြစ်တယ်လို့ ရုရှားနိုင်ငံက သတိပေးလိုက် တာလည်းဖြစ်ပါတယ်။

“ဇူလိုင်လ ၂၀ ရက်နေ့ မော်စကိုစံတော်ချိန် (2100 GMT) အချိန်မှ စတင်ပြီး ပင်လယ်နက်အတွင်းရှိ ယူကရိန်းဆိပ် ကမ်းများသို့ ရွက်လွှင့်သွားလာနေသော သင်္ဘောအားလုံးကို ယူကရိန်း စစ်ဘက်ဆိုင်ရာထောက်ပံ့ရေး ကုန်တင် သင်္ဘောများအဖြစ် သတ်မှတ်ခံရလိမ့်မည်”လို့ ရုရှား နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဇူလိုင် ၁၉ရက် ဗုဒ္ဓဟူးနေ့တွင် တရားဝင်ထုတ် ပြန်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ရုရှားနိုင်ငံ က ပင်လယ်နက်ပင်လင်ပြင် အတွင်း ကုန်တင်သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းသွားလာခွင့် ပြုထားသည့် သဘောတူညီချက်မှ နုတ်ထွက်ခဲ့သော်လည်း ရုရှားက ၎င်းတို့နိုင်ငံ၏ တောင်ဘက်ပိုင်းရှိဆိပ် ကမ်းများမှတစ်ဆင့် စပါး (သို့မဟုတ်) ဂျုံ တင်ပို့မှုများ ဆက်လက်ပြုလုပ်သွားရန် ပြင်ဆင်ထားကြကြောင်း သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။