ပူတင်ကို ဖမ်းဆီးခြင်းသည် စစ်ကြေညာခြင်းဖြစ်သည်ဟု တောင်အာဖရိကပြော

ဇူလိုင် ၂၀

      ပူတင်ကို ဖမ်းဆီးမှုသည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် တောင်အာဖရိကဦးဆောင်သည့်မစ်ရှင်ကို ထိခိုက်စေမည်ဟု သမ္မတရာမာဖိုဆာက ပြောကြားခဲ့သည်။

     တောင်အာဖရိကသမ္မတ Cyril Ramaphosa က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို လာမည့်လတွင် နိုင်ငံသို့ လာရောက်သည့်အခါ ဖမ်းဆီးရန် ကြိုးပမ်းမှုသည် ရုရှားနှင့် စစ်ကြေညာခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

     ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖမ်း ဆီးခြင်းသည် ရုရှားကို စစ်ကြေညာသည့် သဘော သက်ရောက်လိမ့်မည်ဟု အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့် တရားရုံးစာရွက်စာတမ်းများတွင် တောင်အာဖရိကသမ္မတ ဆိုင်ရေး ရာမာဖိုဆာက ပြောကြားခဲ့သည်။

     ပူတင်သည် လာမည့်လတွင် ဂျိုဟန်နက် စဘတ်မြို့၌ပြုလုပ်မည့် BRICS အစည်းအဝေးကို ဖိတ်ကြားခံခဲ့ရသော်လည်း နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာခုံရုံး (ICC) ၏ ဖမ်းဝရမ်းထုတ်
ခြင်းခံခဲ့ရသဖြင့် ICC အဖွဲ့ဝင်ဖြစ်သည့် တောင်အာဖရိကသည် ယင်းအစည်းအဝေးသို့ ပူတင်တက်ရောက်မည်ဆိုပါက ဖမ်းဆီးဖွယ်ရှိသည်ဟု မျှော်လင့်ရသည်။

     တောင်အာဖရိက၏ သံတမန်ရေးရာ အကြပ် အတည်းသည် တရားရုံးတွင် ပေါ်ထွက်နေပြီး အတိုက်အခံပါတီဖြစ်သည့် ဒီမိုကရက်တစ်မဟာမိတ်(DA)က အစိုးရ၏လက်ကို အတင်း အကြပ်ကိုင်ဆွဲကာ Kremlin ခေါင်းဆောင်အား နိုင်ငံတွင်း ခြေချပါက ICC သို့ လွှဲပြောင်းပေးအပ်ရေး ဖိအားပေးရန် ကြိုးပမ်းမှုများရှိနေပါသည်။ .

     ၎င်း၏တုံ့ပြန်မှုတွင် Ramaphosa သည် ဒီမိုကရက်တစ်မဟာမိတ်(DA)၏ လျှောက်ထားမှုကို “တာဝန်မဲ့” အဖြစ်ဖော်ပြခဲ့ပြီး အမျိုးသားလုံခြုံ ရေးသည် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။ သမ္မတ၏ အဆိုအရ ဖမ်းဆီးမှုသည် “နိုင်ငံတော် ၏ လုံခြုံရေး၊ ငြိမ်းချမ်းမှုနှင့် နိုင်ငံတော်၏ စည်းစိမ်” ကို ခြိမ်းခြောက်နိုင်သည့်အချက်ကို အခြေခံ၍ ICC စည်းမျဥ်းများအောက်တွင် ကင်းလွတ်ခွင့်ပေးရန် ကြိုးပမ်းနေသည်။

      ”ရုရှားနဲ့ စစ်တိုက်ဖို့ စွန့်စားရတာ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ ဖမ်းဆီးမှုသည် ယူက ရိန်းစစ်ပွဲကို အဆုံးသတ်ရန် တောင်အာဖရိက ဦးဆောင်သော မစ်ရှင်ကို ရပ်တန့်စေပြီး ငြိမ်း ချမ်းသောဖြေရှင်းမှုမှန်သမျှကို ပိတ်ပင်တားဆီးတားဆီးရာရောက်သည်ဟု Ramaphosa က ရေးသားခဲ့သည်။

     ICC ပဋိညာဉ်တွင် အဖွဲ့ဝင်နိုင်ငံတစ်ခုသည် တောင်းဆိုချက်ကို အကောင်အထည်ဖော်ရန် အဟန့်အတားဖြစ်စေသည့် ပြဿနာများကို ဖော်ထုတ်သည့်အခါ တရားရုံးတွင် တိုင်ပင်ဆွေးနွေးသင့်ပြီး တရားရုံးသည် သံတမန်ရေးဆိုင်ရာ၊ လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ စည်းမျဉ်းများကို ဖောက်ဖျက်ရန် နိုင်ငံတစ်နိုင်ငံကို လိုအပ်ပါက ဖမ်းဆီးရန် တောင်းဆိုပါက တရားရုံးက ဆက်လက်၍ ဖမ်းဆီးရန် တောင်းဆိုမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

    အနောက်နိုင်ငံများ၏ စီးပွားရေးလွှမ်းမိုးမှုကို တန်ပြန်ချိန်ခွင်လျှာအဖြစ် ရှုမြင်သည့် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်တို့ ပါဝင်သော စီးပွား ရေး အကြီးစားများစုဝေးနေသည့် BRICS အဖွဲ့ ဥက္ကဋ္ဌအဖြစ် တောင်အာဖရိက က တာဝန်ယူထား
သည်။

     တောင်အာဖရိက လက်ထောက် သမ္မတ ပေါလ်မာရှာတီလီက မကြာသေးမီက ဒေသတွင်း မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုများတွင် အစိုးရက ပူတင်ကို မလာရန် ဆွဲဆောင်ရန် ကြိုးစားနေသော်လည်း ယခုအချိန်အထိ မအောင်မြင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

#PAN