လသာမြို့နယ်၊မဟာဗန္ဓုလလမ်းနှင့် စဉ့်အိုးတန်းလမ်းထိပ်တွင် အမည်မသိ လူငယ် ၇ ဦးက စက္ကန့် ၃၀ ခန့် ဆန္ဒပြခဲ့

ဇူလိုင် ၁၉

       ယမန်နေ့ ည ၇ နာရီ ၆ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် စဉ့်အိုးတန်းလမ်းထိပ်တွင် လူငယ် ၇ ဦးခန့် ဆန္ဒဖော်ထုတ်နေကြောင်း သတင်းအရ လသာမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက အဆိုပါနေရာသို့ သွား ရောက်ခဲ့ရာ ဆန္ဒပြလူငယ်များ မတွေ့ရဘဲ လမ်းလယ်ကျွန်းပေါ်တွင် အနီရောင်ပိတ်စတစ်ခုအား မီးတုတ် ၃ ခုနှင့်လုံး၍ မီးရှို့ထားကြောင်း သိရှိရပါသည်။

        အဆိုပါ အမည်မသိ လူငယ် ၇ ဦးခန့်သည် မဟာဗန္ဓုလလမ်းနှင့် စဉ့်အိုးတန်းလမ်းထိပ်တွင် အလျား ၁၀ ပေ၊ အနံ ၂ ပေခန့်ရှိ အနီရောင်ပိတ်စပေါ်တွင် အဖြူရောင်စာသားဖြင့်ရေးသားထားသည့် “လူမျိုးကြီးဝါဒ .. တိုက်ဖျက်ကြ၊   အာဇာ  နည်မှာ ၉ ဦးမက” ဆိုသည့် စာသားရေးသားထားသည့် မီးကြွမ်းနေသည့် ပိတ်စတစ်ခုနှင့် မီးတုတ် ၃ ခု အားတွေ့ရှိရပြီး ၄င်းတို့သည့် စက္ကန့် ၃၀ ခန့် ဆန္ဒပြခဲ့ကြောင်းနှင့် ပါဝင်သူ လူငယ်(၇)ဦးနှင့် ပတ်သက်၍ ဖမ်းဆီးရမိနိုင်ရေး အတွက် CCTV မှတ်တမ်းများကြည့်ရှုခြင်း၊ ၄င်းတို့ထွက်ပြေးသည့် လမ်းကြောင်းအား ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN