“အိီရန်နိုင်ငံက နိုင်ငံအတွင်း စံနှုန်းပြည့်မှီသည့် ကုန်ထုတ်လုပ်မှုများ နှင့် ကုန်သွယ်ရေး ဝန်ဆောင်မှုများလုပ်ကိုင်သည့် ကုမ္ပဏီကြီးများ အပါအဝင် လုပ်ငန်းရှင်များကို နိုင်ငံတော် အဆင့်ရှိအသိအမှတ်ပြု လက်မှတ်များ ချီးမြှင့်ပေးခဲ့”

ဇူလိုင် ၁၈

အီရန်နိုင်ငံ တွင် ၎င်းတို့၏ ထုတ်ကုန်များနှင့် ကုန်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်ရာတွင် စံနှုန်းပြည့်မှီသည့် ကုမ္ပဏီကြီးများ နှင့် လုပ်ငန်းရှင် များအတွက် ကြယ်လေးပွင့် အဆင့်ရှိ နိုင်ငံတော် အသိအမှတ်ပြု လက်မှတ်များကို ပြီးခဲ့သည့် ဇူလိုင် ၁၇ရက်နေ့က ချီးမြှင့်ပေး ခဲ့တာလည်းဖြစ်ပါတယ်။

အစ္စလာမ့်နိုင်ငံများအတွင်း ကုန်သွယ်မှုများ နှင့် ကုန်ထုတ်လုပ်မှု စံချိန်စံညွှန်းများ တိုင်းတာရေးအင်စတီကျု Standards and Metrology Institute for Islamic Countries (SMIIC) အဖွဲ့အစည်း မှ ချမှတ်ထားသော ဆယ်နှစ်တာ မဟာဗျူဟာစီမံကိန်းများကို အခြေခံထားပြီး အဆိုပါ အသိအမှတ်ပြု လက်မှတ်များကို အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင် နိုင်ငံများမှ ချမှတ်ထားသော မူဝါဒများနှင့်အညီ အရည်အသွေးမြင့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ကိုယ်စားပြုသည့် ကုမ္ပဏီကြီးများ နှင့် လုပ်ငန်းရှင်များက်ိုပေးအပ်ချီး မြှင့်ပေးခဲ့တာ လည်းဖြစ်ပါတယ်လို့ သတင်းဌာန များ ကဖော်ပြ ပြောဆိုထားကြပါတယ်။