“ရုရှား ၏ ယူကရိန်း ထိုးစစ်ဆင်မှုများနှင့် ကျူးကျော်ဝင်ရောက်မှုများကို သင်ခန်းစာယူပြီး ဗြိတိန်နိုင်ငံက ၎င်းတို့၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအတွက် ကန်ဒေါ်လာ ၃.၃ဘီလီယံ အထိအကုန်အကျခံပြီး တိုက်ခိုက်ရေးစွမ်း ရည်များ မြှင့်တင်ရန်ကြိုးပမ်းသွားမည်”

ဇူလ်ုင် ၁၈

ယူကရိန်းစစ်ပွဲများကြောင့် ကုန်ခမ်းသွားခဲ့ရ သော ခဲယမ်းများ နှင့် စစ်လက်နက် ပစ္စည်းများ သိုလှောင်ထားရှိမှုများကို ပြန်လည်ဖြည့်တင်းခြင်း အစီအစဥ်များတွင် ဗြီတိန်နိုင်ငံက ပေါင် ၂.၅ ဘီလီယံ (ကန်ဒေါ်လာ ၃.၃ ဘီလီယံ)အထိ အကုန်အကျခံ သုံးစွဲမှုများ အပါအဝင် ၎င်းတို့ ၏ စစ်တပ်များကို တိုက်ခိုက်ရေးများအတွက် အဆင်မြှင့်တင်သွား ရန်လည်း စီစဥ်ထားကြောင်းကို ယနေ့ ဇူလိုင် ၁၈ရက် အင်္ဂါနေ့တွင် ထုတ်ပြန် ကြေညာသွား ဖွယ်ရှိနေပါတယ်။

ဗြိတိန်နိုင်ငံ သည် ရုရှား-ယူကရိန်း စစ်ပွဲများ အတွင်း ယူကရိန်းအား လက်နက်များ ထောက်ပံ့ပေးနေရသောကြောင့် ဗြိတိန်စစ်တပ်က နိုင်ငံစစ်တပ်၏ ခဲယမ်းအရန်အချို့ လျော့နည်းလာမှု များဖြစ်ပွားလာခဲ့ပြီး ထုတ်လုပ်မှုများကို အမြန်အရှိန် မြှင့်တင်ရန် ကြိုးပမ်းသွား မှာလည်းဖြစ်ပါတယ်။

မကြာသေးမှီက ထုတ်ပြန်ကြေညာထားသည့် ဗြိတိန်နိုင်ငံ ကာကွယ်ရေး နှင့် ကွပ်ကဲမှု နောက်ဆုံး စာတမ်းများအရ ရုရှား၏ ခြိမ်းခြောက်မှုများနှင့် စစ်ရေးအရ ရေရှည်စိန်ခေါ်မှုကို တန်ပြန်နိုင်ရန် ၎င်းတို့နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ နှင့် စစ်အင် အားများကို ပြန်လည် ပုံဖော်နိုင် ရန်အတွက် မဟာဗျူဟာ များကို ချမှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ​ထားတာလည်းဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Ben Wallace က အဆိုပါ ဗျူဟာများသည် ဗြိတိန်နိုင်ငံစစ်တပ်၏ ရှေ့တန်း စစ်ရေးစွမ်းရည်များ နှင့် နေတိုး မဟာမိတ်အဖွဲ့ကြီးတွင် ဗြိတိန်နိုင်ငံက ဦးဆောင်အာဏာရလာစေရန် သေချာစေ မည်ဖြစ်ကြောင်း သတင်းစားရှင်းလင်းပွဲတစ်ခုတွင် ပြောကြားထား တာလည်းဖြစ်ပါတယ်။

“သမ္မတပူတင်ရဲ့ ယူကရိန်းကို ကျူးကျော်ဝင်ရောက်လာမှုများကနေ သင်ခန်းစာများယူပြီး ကျနော်တို့ ရင်ဆိုင်လာရမည့် ခြိမ်းခြောက်မှုများကို လိုက်လျောညီထွေမှုဖြစ်အောင် လုပ်ရမယ်” ​လို့ ၎င်းက ​အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ထပ်လောင်းပြောကြားထားတာလည်းဖြစ်ပါတယ်။