ဖာပွန်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးကို အကြမ်း ဖက်သောင်းကျန်းသူ KNU များက ဗုံးထောင်ဖောက်ခွဲ

ဇူလိုင် ၁၈

      ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးကို အကြမ်းဖက်သောင်းကျန်းသူ KNU များက ယမန်နေ့ ည နာရီ ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဗုံးထောင်ဖောက်ခွဲခဲ့ကြောင်း သိရပါ သည်။

      ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ” ဖာပွန်မြို့ပေါ်မှာ လူသိပ်မနေကြတော့ဘူး၊ သွားရေးလာရေးအဆင်မပြေတာရော၊ ကုန်စျေးနှုန်းကြီးမြင်နေတာရောဆိုတော့ မနေကြတာပါ၊ အခု ဗုံးခွဲသွားတာလဲ KNU က ညအချိန်မှာ အရပ်ဝတ်နဲ့ဝင်လာပြီး ဗုံးခွဲခဲ့တာပါ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေကတော့ မြို့ပေါ်မှာ မရှိကြတော့ဘူး၊ ရှောင်နေကြတယ်” ဟု မြို့ခံပြည်သူတစ်ဦးက PAN သို့ ပြောပြလာပါသည်။

          ထိုသို့ ဗုံးဖောက်ခွဲမှုကြောင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၏ ပင်မဆောင်နေရာနှင့် အစည်း အဝေးခန်းမတို့ ပျက်စီးသွားကြောင်းသိရှိရသည်။ဖာပွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံတွင် လုံခြုံရေးအပါအဝင် လူတစ်ဦးတစ်ယောက်မျှ အစောင့်ချထားခြင်း၊ နေထိုင်ခြင်းမရှိကြောင်း သတင်းရရှိပါသည်။

#PAN

ဇူလိုင် ၁၈       ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးကို အကြမ်းဖက်သောင်းကျန်းသူ KNU များက ယမန်နေ့ ည နာရီ ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဗုံးထောင်ဖောက်ခွဲခဲ့ကြောင်း သိရပါ သည်။       ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ” ဖာပွန်မြို့ပေါ်မှာ လူသိပ်မနေကြတော့ဘူး၊ သွားရေးလာရေးအဆင်မပြေတာရော၊ ကုန်စျေးနှုန်းကြီးမြင်နေတာရောဆိုတော့ မနေကြတာပါ၊ အခု ဗုံးခွဲသွားတာလဲ KNU က ညအချိန်မှာ အရပ်ဝတ်နဲ့ဝင်လာပြီး ဗုံးခွဲခဲ့တာပါ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေကတော့ မြို့ပေါ်မှာ မရှိကြတော့ဘူး၊ ရှောင်နေကြတယ်” ဟု မြို့ခံပြည်သူတစ်ဦးက PAN သို့ ပြောပြလာပါသည်။           ထိုသို့ ဗုံးဖောက်ခွဲမှုကြောင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၏ ပင်မဆောင်နေရာနှင့် အစည်း အဝေးခန်းမတို့ ပျက်စီးသွားကြောင်းသိရှိရသည်။ဖာပွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံတွင် လုံခြုံရေးအပါအဝင် လူတစ်ဦးတစ်ယောက်မျှ အစောင့်ချထားခြင်း၊ နေထိုင်ခြင်းမရှိကြောင်း သတင်းရရှိပါသည်။