“ဂရိနိုင်ငံအတွင်း အပူလှိုင်းနှင့် လေပြင်းတိုက် ခတ်မှုများကြောင့် နိုင်ငံတစ်ဝှမ်း မီးလောင်မှု စုစုပေါင်း ၈၁မှုထိဖြစ်ပွားခဲ့”

ဇူလိုင် ၁၈

ဂရိနိုင်ငံတွင် ပြီးခဲ့သည့် တနင်္လာနေ့ ဇူလိုင် ၁၇ ရက်နေ့က အပူလှိုင်းနှင့် လေပြင်းတိုက် ခတ်မှုများကြောင့် နိုင်ငံတစ်ဝှမ်း မီးလောင် ကျွမ်းမှု စုစုပေါင်း ၈၁မှုထိ ဖြစ်ပွားခဲ့ ကြောင်း ဂရိနိုင်ငံ မီးသတ်ဌာနက တရားဝင်ထုတ် ပြန်ကြေညာ ခဲ့တာဖြစ်ပါတယ်။

ဂရိနိုင်ငံ အေသင်မြို့အနီးရှိ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန်အတွက် စစ်တပ်၊ ရဲ အထူးတပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားများ အကူအညီဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်း များလုပ်ဆောင်ခဲ့ရကြောင်း အေပီသတင်းဌာနတွင် ဖော်ပြပြော ဆိုထားပါတယ်။

အဆိုပါ တောမီးသည် ဂရိမြို့တော် ၏ အရှေ့တောင်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာ Kouvaras တွင် စတင်ခဲ့တာဖြစ်ပြီး တစ်နာရီလျှင် ၇၀ ကီလိုမီတာနှုန်းအထိ ပြင်းထန်နေသော လေတိုက်နှုန်းများကြားတွင် လျင်မြန်စွာ မီးကူးစက်ပျံ့နှံ့မှုများဖြစ်ပွားခဲ့ ရတာလည်းဖြစ်ကြောင်း သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။

“ဒါမီးတွေဟာ ငြှိမ်းသတ်ဖို့ ခက်ခဲပါတယ်။ လေတိုက်နှုန်းက တစ်နာရီကို ကီလိုမီတာ ၆၀ ကနေ ၇၀ နှုန်းအထိ တိုက်ခတ်နေပါတယ်”လို့ မီးသတ်သမားများ၏ ပြောရေးဆိုခွင့်ရှိသူ Yannis Artopios က ပြောကြားခဲ့ပါတယ်။

ဂရိအာဏာပိုင်အဖွဲ့ဝင်များက Loutraki ပင်လယ်ကမ်း ခြေအပန်းဖြေစခန်းအနီး တောမီးလောင်ကျွမ်းမှုကြောင့် အဆိုပါ ဒေသရှိ အားလပ်ရက်စခန်းများမှ ကလေးငယ် ၁၂၀၀ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး ထားခဲ့ကြောင်း မြို့တော်ဝန်က ပြောကြားထား တာလည်းဖြစ်ပါတယ်။

ပြီးခဲ့သည့် တနင်္လာနေ့တွင် ဂရိနိုင်ငံ အေသင်မြို့အနီးတွင် လေပြင်းတိုက်ခတ် မှုများကြောင့် တောမီးလောင် ကျွမ်းမှုများ ဖြစ်ပွားပြီးနောက် အေသင်မြို့တော်ဝန် Giorgos Gkionis က “အားလပ်ရက်စခန်းများတွင်ရှိတဲ့ ကလေး ၁၂၀၀ ကျော်ကို ကျနော်တို့ ကယ်ဆယ်နိုင်ခဲ့ကြောင်း” ဂရိနိုင်ငံ၏ ပုဂ္ဂလိကရုပ်သံလိုင်း Skai သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သတင်းဌာနများက ဖော်ပြပြောဆိုထားကြပါတယ်။