ရပ်စောက်မြို့နယ်၊ရပ်စောက် – အင်တောသွားကားလမ်းဘေးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့မှ စစ်ဆေးရှာဖွေနေစဉ် လက်လုပ်မိုင်း ပေါက်ကွဲ

ဇူလိုင် ၁၇

      ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စု၊ (၁၁)မိုင်ကျေးရွာအနီး ရပ်စောက် – အင်တောသွားကားလမ်းဘေး ညောင်ပင်အောက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့မှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိရေး စစ်ဆေးရှာဖွေနေစဉ် မသမာသူများထောင်ထားသည့် ကွန်ကျူပိုက်ဖြင့်ပြုလုပ်ထားသည်ဟု ယူဆရသော လက်လုပ်မိုင်း ၃ လုံး ပေါက်ကွဲခဲ့ကြောင်း သိရပါသည်။

       ထိုသို့  လက်လုပ်မိုင်းများ ပေါက်ကွဲမှုကြောင့်
မူးယစ်ဆေးဝါးနှိမ်နှင်းရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၃ ဦးနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်မှ စစ်သည် ၁ ဦး၊ စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ရာ အမှတ်(၄)တပ်မတော်စစ်ဆေးရုံကုတင်(၁၀၀)သို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN