“အမေရိကန်နိုင်ငံ လူဝီစီယားနား ပြည်နယ် အတွင်း ရှိ ဓာတုဗေဒစက်ရုံကြီးတစ်ခုအတွင်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး မီးအကြီး အကျယ်လောင်ကျွမ်းမှုများဖြစ်ပွားခဲ့”

ဇူလိုင် ၁၅

အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ် Plaquemineမြို့အတွင်း ရှိ Dow အမည်ရှိသော ဓာတုဗေဒစက်ရုံကြီးသည် ပြီးခဲ့သည့် သောကြာနေ့ ညပိုင်း အချိန်တွင် မီးအကြီးအကျယ် လောင်ကျွမ်းမှုဖြစ် ပွားခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ အခင်းဖြစ်ပွားရာနေရာတွင် အနည်းဆုံး ပေါက်ကွဲမှုကြီး ၈ခုထိ ဖြစ်ပွားခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်နေပါတယ်။

လူဝီစီယားနားပြည်နယ် အတွင်းရှိ ဓာတုဗေဒစက်ရုံကြီးတွင် မီးလောင်ကျွမ်းမှုများ နှင့် ပေါက်ကွဲမှုကြီးများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ​ အတည်ပြုခဲ့ကြ သော်လည်း လူများ ထိခိုက် ဒဏ်ရာရမှုများ နှင့် ပေါက်ကွဲမှုများဖြစ်ရသည့် အကြောင်းအရင်း ကိုတော့ ယခုအချိန်အထိ မသိရသေးပါ ဘူးလို့လည်း သတင်းဌာနများက ဖော်ပြပြောဆိုထား ကြပါတယ်။

“အဆိုပါ စက်ရုံကြီး၏ ဝန်ထမ်းအားလုံးကို စာရင်းပြုစုထားပြီးပါပြီ။ စက်ရုံပတ်ပတ် လည်တွင် မိုင်ဝက်ခန့် အကွာအဝေးတွင် အကာအကွယ် များ ထားရှိရန် အမိန့်ထုတ် ပြန်ထား​ပါတယ်”လို့ ခရိုင်တာဝန်ရှိသူများက ပြောဆိုထားကြပါတယ်။