လားရှိုးမြို့၊ မြို့မဈေးကြီးအတွင်းရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် လူသတ်အကြမ်းဖက် PDF ၂ ဦးက ဆိုင်ကယ်ကို ရပ်ထားခဲ့ပြီး ဗုံးဖောက်ခွဲ

ဇူလိုင် ၁၅

        ယနေ့ နံနက် ၇ နာရီ ၃၅ မိနစ်ချိန်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ် (၂)ရပ်ကွက်၊ မြို့မဈေးကြီးအတွင်းရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် လူသတ်အကြမ်းဖက် PDF ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက်၍ ဆိုင်ကယ်ကို ရပ်ထားခဲ့ပြီး အခြားတစ်နေရာသို့ ထွက်ခွာသွားခဲ့ကြောင်း၊ ဆိုင် လုံခြုံရေးဝန်ထမ်းများက ၎င်းအကြမ်းဖက် PDF ၂ ဦးကို လိုက်လံရှာဖွေရာ မတွေ့ရှိသည့်အတွက် မြို့မဈေးရှိ ဆိုင်ကယ်အပ်နှံရာနေရာသို့ သွားရောက်သတင်းပို့စဉ် အဆိုပါဆိုင်ကယ်မှ ပေါက်ကွဲမှု့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

      ထိုသို့ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၆ ဦး၊အမျိုးသမီး ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတိုအနက် အမျိုးသား ၂ ဦးမှာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

       လူသတ်အကြမ်းဖက် PDF များသည် လက် နက်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် နိုင်ငံတကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါအချက်များ ဖောက်ဖျက်ကျူးလွန်နေကြသော အကြမ်းဖက်မှုများကို ဆောင်ရွက်နေကြကြောင်း သိရပါသည်။

#PAN