“အာရှ – ပစိဖိတ် ဒေသများအတွင်း တရုတ်နိုင်ငံကို ဝိုင်းရံထားနိုင်ရန်အတွက် နေတိုးမဟာမိတ်အဖွဲ့က စစ်ရေး နှင့် နိုင်ငံရေးအရ နယ်မြေချဲ့ထွင်လာခြင်းများ ပိုမိုအားကောင်းလာနိုင်”

ဇူလိုင် ၁၄

အမေရိကန်နိုင်ငံ ဦးဆောင်သော အနောက်အုပ်စု မဟာမိတ်နေတိုးအဖွဲ့ သည် ၎င်းတို့၏ ရှေးရိုးစွဲ စစ်ရေး မစ်ရှင်များကို ကျော်လွန်ပြီး အာရှ-ပစိဖိတ် ဒေသများ တွင် တရုတ်နိုင်ငံကို ဝိုင်းရံထားနိုင် ရန်အတွက် ၎င်းတို့၏ နယ်မြေချဲ့ထွင်ခြင်းများ ပြင်းပြင်းထန်ထန် အားကောင်းလာနေတယ်လို့ တရုတ်မီဒီယာ ဌာနတစ်ခုက ဖော်ပြပြောဆ်ိုထားပါတယ်။

“အမေရိကန်၏ ကွပ်ကဲမှုအောက်တွင် နေတိုး သည် အမေရိကန်၏ ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုနှင့် လိုက်လျောညီထွေရှိစေရန် တရုတ်ကို ‘စနစ်တကျ စိန်ခေါ်မှု’ အဖြစ် ခေါင်းစဥ်တတ်ကာ အာရှ-ပစိဖိတ်ဒေသများတွင် ၎င်းတို့၏စစ်ရေးဆိုင်ရာများကို ချဲ့ထွင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံအပေါ် သဘောထားတင်းမာသော ရပ်တည်ချက်များ တိုးလာခဲ့ကြောင်း ပြီးခဲ့သည့် ကြာသပတေး နေ့က China Media Group (CMG) ကြီး၏ သတင်းထုတ်ပြန်ချက်တစ်ခု တွင်ဖော်ပြပြော ဆိုထားတာ လည်းဖြစ်ပါတယ်။

“နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg က နောင်လာမည့် အနာဂတ်မှာ ‘တရုတ်၏ခြိမ်းခြောက်မှု’ ကို ကိုင်တွယ်ဖြေရှင်းခြင်းက နေတိုး အဖွဲ့ ရဲ့ရှင်သန်မှုအတွက် အရေးကြီးတဲ့ အခြေခံဖြစ်သင့်တယ်လို့ ပြတ်ပြတ်သားသား ပြောဆိုထားတာတွေလည်းရှိနေပါတယ်။

လစ်သူယေးနီးယားနိုင်ငံ မြို့တော် Vilnius မြို့တွင် ဗုဒ္ဓဟူးနေ့က ပြီးဆုံးခဲ့သည့် နေတိုး မဟာမိတ်များ ထိပ်သီး ဆွေးနွေးပွဲ အပြီးတွင် အဆိုပါ မှတ်ချက် ထွက်ပေါ်လာခြင်း လည်းဖြစ်ပြီး ပြီးခဲ့သည့် အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ နေတိုး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ရဲ့ ပူးတွဲကြေညာချက်တွင်လည်း တရုတ်နိုင်ငံသည် နေတိုးမဟာမိတ် နိုင်ငံများအတွက် ယူရို-အတ္တလန္တိတ် ဒေသဆိုင်ရာ လုံခြုံရေးများတွင် စနစ်ကျတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း ဖော်ပြ​ထားကြပါတယ်။

ထို့နောက် ထုတ်ပြန်ချက်များသည် နောင်လာ မည့် အချိန်ကာလများတွင် တရုတ်နိုင်ငံကို နေတိုးမဟာမိတ်အဖွဲ့ မှ ရန်သူအဖြစ် ခံယူ ခြင်းသည် ၎င်းတို့၏ အဓိက အကြောင်း ပြချက် ဖြစ်လာစေရန် အ​လှုံ့ဆော်မှုတစ်ခု ဖြစ်လာ ကြောင်း သက်သေပြခဲ့ တာလည်း ဖြစ်ပါတယ် လို့ အဆိုပါ သတင်းဌာန က ထောက်ပြ ပြောဆ်ိုခဲ့ တာလည်း ဖြစ်ပါတယ်။