လူ့အခွင့်အရေးအကြောင်းပြ၍ မြန်မာနိုင်ငံအပေါ်ထားရှိသော ယန္တရားများ၏ ချို့ယွင်းချက်များကို ထောက်ပြမှုကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်

ဇူလိုင် ၁၄

     ဂျီနီဗာမြို့တွင် ၁၉-၆-၂၀၂၃ ရက်မှ ၁၄-၇-၂၀၂၃ ရက်အထိ ကျင်းပခဲ့သည့် လူ့အခွင့်အရေး ကောင်စီ၏ (၅၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ အစည်းအဝေးများကို သက်ဆိုင်ရာ နိုင်ငံမပါဘဲ ကျင်းပခဲ့ပြီး ယင်းမှာကောင်စီ၏မူဝါဒများနှင့် ရည်ရွယ်ချက်တို့နှင့် သွေဖည်လျက်ရှိသည်။

     အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)က တင်သွင်းခဲ့သော ဆုံးဖြတ်ချက် အဆိုအရ ဆွေးနွေးပွဲတစ်ရပ်ကို ၂၁-၆-၂၀၂၃ ရက်တွင် ကျင်းပခဲ့သည်။ ဥရောပသမဂ္ဂ (အီးယူ)က တင်သွင်းခဲ့သော ဆုံးဖြတ်ချက်အဆိုအရ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့နှင့် အပြန်အလှန်ဆွေးနွေးပွဲများကို ၆-၇-၂၀၂၃ ရက်တွင်ကျင်းပခဲ့သည်။ ထို့ပြင် အိုအိုင်စီကိုယ်စား ပါကစ္စတန်နိုင်ငံမှ စာရွက်စာတမ်းအမှတ်၊ A/HRC/53/L.30/Rev.1 ဖြင့် တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို ၁၄-၇-၂၀၂၃ ရက်တွင် ကောင်စီက အတည်ပြုချမှတ်ခဲ့သည်။

      အထက်ပါဆွေးနွေးပွဲများနှင့် လတ်တလောချမှတ်ခဲ့သော ဆုံးဖြတ်ချက်အဆို တို့သည် မြန်မာပြည်သူများအပေါ် အမုန်းစကားမြောက်ကြောင်းနှင့် ယဉ်ကျေးမှုနှင့်တိုင်းရင်းသားမျိုးစုံ ပါဝင်သော မြန်မာ့အသိုက်အဝန်းအကြား စိတ်ဝမ်းကွဲပြားစေရန် လှုံ့ဆော်ရာရောက်ကြောင်း စိုးရိမ်စွာဖြင့် မှတ်သားရသည်။ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ် ပေါ်ပေါက်ခဲ့ရသည့် အကြောင်းရင်းကို မျက်ကွယ်ပြုခြင်းဖြင့် လက်တွေ့မြေပြင်အခြေအနေကို ထင်ဟပ်နိုင်မည် မဟုတ်ပါ။ ကောင်စီ၏ ဆွေးနွေးပွဲအမျိုးမျိုးကို အသုံးချ၍ တစ်ဖက်သတ်ဇာတ်ကြောင်းများ ဖန်တီးနေစေကာမူ ကော့ဘဇားရှိ စခန်းများတွင် တိုက်ပွဲများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများက အကာမူဂျာဟီဒင် ခေါ် အာဆာ အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ် များကို သက်သေပြလျက်ရှိသည်။ ယင်းအကြမ်းဖက်မှုများကြောင့် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မှ အတင်းအကြပ် နေရပ်စွန့်ခွာခဲ့မှုများ ပေါ်ပေါက်စေခဲ့ပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ယနေ့ထက်တိုင် ဟန့်တားလျက်ရှိသည်။

       လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး တင်ပြချက်တွင် သီးခြားကုလသမဂ္ဂရုံး တစ်ရုံးက ကိုင်တွယ်သည့် လူသားချင်းစာနာမှုဆိုင်ရာကိစ္စများကို အထူးပြုထားရာ လုပ်ငန်းများ ထပ်တူဖြစ်နေကြောင်းနှင့် မဟာမင်းကြီး၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေကြောင်း ပြသရာရောက်သည်။ လူသားချင်းစာနာမှုဆိုင်ရာ သွားရောက်ခွင့်များငြင်းပယ်ကြောင်း မဟာမင်းကြီး၏အစီရင်ခံစာတွင် စွပ်စွဲချက်မှာ လွဲမှားလျက်ရှိသည်။ ခရီးသွားလာခွင့်များနှင့်စပ်လျဉ်း၍ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အီးယူအပါအဝင် သံရုံးများကို ၆၂ ကြိမ်၊ ကုလသမဂ္ဂအေဂျင်စီများကို ၄၆ ကြိမ် နှင့် အာဆီယံလူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေး ညှိနှိုင်းမှု ဗဟိုဌာန (AHA Centre) ကို ၁၀ ကြိမ် မြန်မာအစိုးရက ခွင့်ပြုခဲ့သည်။ ထို့ပြင် ရခိုင်ပြည်နယ်အစိုးရက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကိုအကြိမ် ၆၀ ကျော်၊ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများကို အကြိမ် ၈၀ ကျော်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ကို အကြိမ်ပေါင်း ၅၀၀ ကျော် ခရီးသွားလာခွင့်ပြုခဲ့သည်။

      မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူသည် မြန်မာနိုင်ငံကို အထီးကျန်စေရန် ရည်ရွယ်ချက်ဖြင့် အပြန်အလှန်ဆွေးနွေးမှုပြုလုပ်ခဲ့သည်ကို စိတ်ပျက်ဖွယ် တွေ့ရှိရသည်။ အစိုးရကိုသိက္ခာချရန်ကြိုးပမ်းမှုအဖြစ် အကန့်အသတ်မရှိ စာရွက် စာတမ်းများနှင့်ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် ဉရောပသမဂ္ဂနှင့် အနောက်နိုင်ငံများက အထူးအစီရင်ခံစာတင်သွင်းသူအတွက် ဆီလျော်မှုမရှိသော လုပ်ပိုင်ခွင့်ကို ပေးအပ်ထားသည်။ အထူးအစီရင်ခံစာတင်သွင်းသူသည် အပြစ်မဲ့ပြည်သူ ၆၀၉၁ ဉီးကို သေဆုံးစေခဲ့သော NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ လူမဆန်သောပြစ်မှုများကို ဖုံးကွယ်ထားသည်။ အထူး အစီရင်ခံစာ တင်သွင်းသူက မြန်မာနိုင်ငံ ၏ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုများအတွက် ဖြည့်ဆည်းပေးသည့်အစိုးရပိုင်လုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အဖွဲ့ဝင်နိုင်ငံ များကို ထပ်မံတောင်းဆိုထားသည်။ ယင်းမှာ ပြည်သူများကိုထိခိုက်စေရန်နှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးကို ချိုးဖောက်ရန်အတွက်သာဖြစ်သည်။

    ထို့အပြင် မြန်မာအရေးကိစ္စသည် ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် မည်သည့်ခြိမ်းခြောက်မှုမျှ မဖြစ်ပေါ်စေသည့်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၅၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလတွင် အတည်ပြု၊ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများနှင့် ဆုံးဖြတ်ချက်အဆိုတို့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) တို့ကို ရည်ညွှန်းဖော်ပြမှုများကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချသည်။

      နိုင်ငံတစ်နိုင်ငံကိုဦးတည်သည့် ဆုံးဖြတ်ချက်အဆိုများနှင့် လုပ်ပိုင်ခွင့်များ၊ ၎င်းတို့၏ နောက် ဆက်တွဲ အပြန်အလှန်ဆွေးနွေးမှုများသည် သက်ဆိုင်ရာနိုင်ငံနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အကြား ဓမ္မဓိဌာန်ကျသော အစီရင်ခံမှု၊ အပြု သဘောဆောင်သော ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ဖြစ်ပေါ်စေခြင်းမရှိသည့် အတွက် ယင်းတို့ကို မြန်မာနိုင်ငံက အစဉ်တစိုက် ဆန့်ကျင်သည်။ အစီရင်ခံစာများနှင့် နိုင်ငံအချို့ ၏မိန့်ခွန်းများတွင် ပါဝင်သည့် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် ဝင်ရောက်စွက်ဖက်ပြောဆိုချက်များကို မြန်မာနိုင်ငံက ပယ်ချပြီး အစည်းအဝေးများတွင် မိတ်ဆွေနိုင်ငံများ၏ မျှတပြီးအပြုသဘောဆောင်သော ပြောကြားချက်များအတွက် ကျေးဇူးတင်ရှိသည်။ဆုံးဖြတ်ချက်အဆိုကို အတည်ပြုချမှတ်ရာတွင် ပါဝင် ပတ်သက်ခြင်းမပြုသောနိုင်ငံများနှင့် မြန်မာနိုင်ငံက အတူရပ်တည်သည်။

       အထက်တွင်ဆိုခဲ့သော ဆွေးနွေးမှုများနှင့် အစည်းအဝေးများသည် မြန်မာနိုင်ငံမပါဝင်ဘဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အသေးစိတ်တုံ့ပြန်မှုများ ပြုလုပ်ပြီး ဖြစ်ကာ ယင်းတုံ့ပြန်မှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးတို့၏ ဝက်ဘ်ဆိုက်များတွင် တွေ့ရှိနိုင်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄  ရက်

***************
Myanmar points out the flawed mechanisms against the country under the pretext of human rights

During the 53rd regular session of the Human Rights Council in Geneva, held from 19 June to 14 July 2023, a series of meetings on Myanmar were organized at the absence of the country-concerned which has deviated from the principles and objectives of the Council.

A panel discussion was held on 21 June 2023 as per the resolution tabled by the Organization of Islamic Cooperation (OIC) while two separate Interactive Dialogues with the High Commissioner for Human Rights and the Special Rapporteur on the situation of human rights in Myanmar were organized on 6 July 2023 as per the resolution tabled by the European Union (EU). Furthermore, Pakistan on behalf of the OIC submitted a resolution contained in document no. A/HRC/53/L.30/Rev.1 was adopted by the Council on 14 July 2023.

Myanmar notes with serious concerns over the panel discussion and the recently adopted resolution themselves amounted to hate speech against the people of Myanmar and provoked divisions among multicultural and multi-ethnic society of Myanmar. Neglecting the root causes of 2017 incident in Northern Rakhine State will never reflect on-ground situation in reality. Even though one-sided narratives were created through different platforms of the Council, clashes and armed attacks by Aqa Mul Mujahidin aka ARSA in the camps in Cox’s Bazar prove their terrorist acts which made forced displacement from northern Rakhine State in 2017 and prevent the repatriation process until now. Myanmar does not recognize the invented term “Rohingya” as it has never existed in legal and historical records of the country.

The presentation of the High Commissioner for Human Rights focuses on humanitarian affairs, mainly covered by a specific UN Office. It shows repetition of work going beyond his mandate. The allegation on the denial of humanitarian access which is reflected in the report of the High Commissioner is not accurate. The Government of Myanmar has granted travel authorizations for 62 visits of embassies including EU delegation in Myanmar along with 46 visits by the UN agencies and 10 visits made by the AHA Centre from 2021 to 2023. Additionally, over 60 times of travel authorizations to the World Food Programme (WFP), over 80 times to INGOs and over 500 times to International Committee of the Red Cross (ICRC) were granted by the Rakhine State Government.

It is disturbing to see that the Special Rapporteur on the situation of human rights in Myanmar has made his presentation with the purpose to isolate Myanmar. The Special Rapporteur has been given ill-suited mandate by the EU and western sponsors to produce limitless documents and presentations with attempts to discredit the Government. The Special Rapporteur further conceals the brutal crimes committed by the so-called NUG and PDF terrorist groups which claimed the lives of 6,091 innocent civilians.  He further calls on the member states to impose sanctions on Myanmar’s state-owned enterprises which greatly contribute to public services. It simply means to hurt the people and violates the right to development of Myanmar.

Furthermore, Myanmar strongly objects the reference to the Security Council and International Criminal Court (ICC) in respective reports and the resolution, published and adopted at the 53rd HRC as the developments in Myanmar are solely internal affairs and do not pose any risk to international peace and security.

Myanmar consistently opposes country-specific resolutions and mandates as well as their follow-up Interactive Dialogues and the panel discussions as their modalities do not create objective reporting, constructive dialogue and cooperation between the country- concerned and the international community. Accordingly, Myanmar rejects the unfounded allegations and intrusive elements contained in the respective reports and in the statements made by certain countries while appreciating the balanced and constructive interventions made by the friendly countries during the session. Myanmar further joins the countries which disassociated themselves from the adoption of the resolution.

Even though the afore-said dialogues and meetings were made in its absence, Myanmar has made its specific responses which can be found on the websites of the Ministry of Foreign Affairs and the Permanent Mission of Myanmar in Geneva. 

Ministry of Foreign Affairs
Nay Pyi Taw
14  July 2023

#PAN