တံတားဦးမြို့နယ်တွင် လူသတ်အကြမ်းဖက် PDF စိစစ်ဆဲ အမျိုးသား ၅ ဦးက အပြစ်မဲ့ပြည်သူများကို လက်နက်ဖြင့် ခြိမ်းခြောက်ပြီး မော်တော်ယာဥ် တစ်စီး လုယူမှုဖြစ်ပွား

ဇူလိုင် ၁၄

     ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊စကားအင်းကျေးရွာအုပ်စု၊ခံလူးလေးကျေးရွာရှိ CES Group ဆောက်လုပ်ရေးပိုင် ဝင်းအတွင်းသို့ လူသတ်အကြမ်းဖက် PDF စိစစ်ဆဲ အမျိုးသား ၅ ဦးသည် သေနတ်အရှည် ၁ လက်၊ အတို ၄ လက် ကိုင်ဆောင်ရောက်ရှိလာပြီး ဝန်းအတွင်းရှိ အလုပ်သမားများဖြစ်သော မပန်းအိဖြူ၊နန်းဝင်း၊နန်းဝေကျော်၊ခင်ဇာခြည်ထွန်းတို့အား ခေါ်ယူ၍ သေနတ်များဖြင့်ချိန်ကာ ထိုင်ခိုင်းထားခဲ့ပါသည်။

      ၎င်းနောက် သေနတ်ကိုင်ထားသူများက ရုံးဝန်းအတွင်းရပ်ထားသော ကားများ၏သော့များတောင်းခဲ့ရာ အလုပ်သမားများက မိိမိတို့ထံတွင်သော့များမရှိကြောင်းပြန်လည်ပြောဆိုခဲ့ရာ သေနတ်ကိုင်ထားသူများက မည်သူ့ထံတွင်ရှိလဲ မေးမြန်းသဖြင့် မပန်းအိဖြူက ၎င်း၏ဆရာ ဦးသီဟန်ထံတွင်ရှိကြောင်း ပြောခဲ့ပါသည်။

      သေနတ်ကိုင်ထားသူများက ဦးသီဟန်အား ဖုန်းဆက်ခေါ်ခိုင်းသဖြင့် မပန်းအိဖြူမှဖုန်းဆက်ခေါ်ခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ဦးသီဟန်ရောက်ရှိလာပြီး သေနတ်ကိုင်ထားသူများက ခြံဝန်းအတွင်းရပ်ထားသော ကား ၃စီးအနက်မှ FORD RANGER အဖြူရောင်၊ယာဥ်အမှတ် 2R/1472 အားလုယက်ယူဆောင်ကာ ပလိပ်-တံတားဦးလေဆိပ်လမ်းအတိုင်း မောင်းနှင်သွားကြောင်း သတင်းရရှိပါသည်။

    NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည်  စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း လက်တွေ့တွင် လက်နက်မဲ့ပြည်သူများကို လက် နက်အားကိုးဖြင့် ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဓားပြတိုက်ခြင်း၊ လုယက်ခြင်း၊ ဖမ်းဆီးသတ် ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ငန်းများသာ ဆောင်ရွက်နေကြသဖြင့် ပြည်သူလူထုက နား လည်သဘောပေါက်လာကြပြီး ၎င်းတို့ကို ထောက်ခံခြင်း မရှိနော့ကြောင်း သိရှိရပါသည်။

#PAN