“အိန္ဒိယဝန်ကြီးချုပ် က ပြင်သစ်နိုင်ငံ နှင့် ယူအေအီးနိုင်ငံ များသို့ နိုင်ငံတော်အဆင့် ၃ရက်ကြာခရီးစဥ်အဖြစ် စတင်ခဲ့”

ဇူလိုင် ၁၃

အိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ် မိုဒီ က ပြင်သစ်နိုင်ငံ နှင့် ယူအေအီးနိုင်ငံ သို့ ၃ရက်ကြာမည့် နိုင်ငံတော် အဆင့် ခရီးစဉ်များကို စတင်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံခေါင်းဆောင် နှင့် ကိုယ်စား လှယ်တော်အဖွဲ့ဝင် များသည် ပြင်သစ် နိုင်ငံတွင်ကျင်းပပြုလုပ်မည့် Basttille နေ့ ဂုဏ်ပြုပွဲ အခမ်းအနား တွင် ပြင်သစ်နိုင်ငံ၏ ထိပ်တန်း ခေါင်းဆောင် များ နှင့်တွေ့ဆုံရန် စီစဉ်ထားပြီး အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ပြင်သစ်သမ္မတ Emmanuel Macron နှင့်အတူ အိန္ဒိယ – ပြင်သစ် နှစ်နိုင်ငံ ယဉ်ကျေးမှုများ နှင့် ပညာရေးများအပါအဝင် နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာများအထိ ဆွေးနွေးသွားရန် စီစဉ်ထားကြောင်းလည်း သတင်းဌာနများကဖာ်ပြပြောဆိုထားကြပါတယ်။