“ရုရှားသမ္မတ ၏ လာမည့် အောက်တိုဘာလ အတွင်း ပြုလုပ်မည့် တရုတ်နိုင်ငံ ခရီးစဥ်အား ကြိုဆိုကြောင်း တရုတ်သမ္မတ က ပြောကြားခဲ့”

ဇူလိုင် ၁၃

တရုတ်နိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင် က ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ရုရှားသမ္မတ ဗလာဒီမာပူတင် ၏ တရုတ်နိုင်ငံသို့ အလည်အပတ်လာရောက်မည့် ခရီးစဥ်ကို မျှော်လင့်ကြိုဆိုထားကြောင်း ပြောကြားခဲ့ တာဖြစ်ပါတယ်။

နေတိုးမဟာမိတ် အဖွဲ့ဝင်အားလုံး လစ်သူယေးနီးယားနိုင်ငံ တွင်စုရုံးကာ ရုရှားနှင့် တရုတ်ကြား မဟာမိတ်ဆက်ဆံရေးသည် ဥရောပဒေသများ အတွက် အန္တရာယ်ရှိကြောင်း အကြောင်းအရာများကို ဆွေးနွေးမှုများပြုလုပ် ခဲ့ကြပြီးနောက် ပြီးခဲ့သည့် ဇူလိုင် ၁၀ရက်နေ့က ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖြစ်နိုင် ခြေရှိသော တရုတ်နိုင်ငံ သို့ လာရောက် မည့် အလည်အပတ်ခရီးကို ကြေညာ ခဲ့တာ လည်းဖြစ်တယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။

ထို့နောက် နေတိုးမဟာမိတ် အဖွဲ့ဝင်များက ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှင့် တရုတ်နိုင်ငံတို့ နှစ်နိုင်ငံ ဆက်ဆံရေးများ ပိုမိုတိုးတတ်အား ကောင်းလာမည်ကို အမေရိကန်က လုံးဝ သဘောမတူပုံရ တယ်လို့လည်း ဖော်ပြထား ကြပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကို ရုရှားဖက်ဒရေးရှင်း ကောင်စီဥက္ကဋ္ဌ ဖြစ်သည့် Valentina Matviyenko နှင့် တနင်္လာနေ့က ပေကျင်း(တရုတ်) ၌ တရုတ်နိုင်ငံ သမ္မတ Xi Jinping တို့ တွေ့ဆုံခဲ့ကြစဥ်​ ထုတ်ပြန်ပြော ဆိုခဲ့တာလည်းဖြစ်ပါတယ်။

ရုရှားဖက်ဒရေးရှင်းကောင်စီ ဥက္ကဋ္ဌ သို့မဟုတ် ပါလီမန် အထက်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သည့် Valentina Matviyenko နှင့် တရုတ် သမ္မတ တို့ တွေ့ဆုံခဲ့စဉ်က ရုရှားသမ္မတ ဗလာဒီမာပူတင်အား ကြိုဆိုရန် အဆင်သင့်ဖြစ်နေပြီဖြစ်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့တာဖြစ်ပြီး ရုရှား ဖက်ဒရေးရှင်းကောင်စီ နိုင်ငံခြားရေးရာ ကော်မတီ၏ ဒုတိယဥက္ကဋ္ဌနှင့် တရုတ်နိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီးဟောင်း Andrey Denisov ကရုရှားသတင်းဌာန တစ်ခုဖြစ်သည့် TASSသတင်းဌာန၏ သတင်းထောက်အား “Valentina Ivanovna Matviyenko နှင့် တွေ့ဆုံစဉ်တွင် သမ္မတ Xi Jinping က တရုတ်ဘက်မှ သမ္မတ ပူတင်၏ အဆိုပါ ခရီးစဥ်အား လက်ခံကြောင်း ပြောကြားခဲ့ပါတယ်။ တတိယအကြိမ် မြောက် ကျင်းပပြုလုပ်မည့် Belt and Road ဖိုရမ် ပွဲကြီးတွင် ပါဝင်ဖို့အတွက် ရုရှားသမ္မတက လာမည့် အောက်တိုဘာလမှာ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့လည်း ၎င်းကပြောကြားခဲ့ပါတယ်။

ပြီးခဲ့သည့် မတ်လပိုင်းက တရုတ်သမ္မတ ရှီသည် ရုရှားနိုင်ငံသို့ နိုင်ငံတော် အလည်အပတ်ခရီးစဥ် အဖြစ် ရောက်ရှိခဲ့ပြီးနောက် ရုရှားသမ္မတ ပူတင် အား တရုတ်နိုင်ငံသို့ ဖိတ်ကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်လို့ သတင်းဌာနများကဖော် ပြပြောဆိုထားကြပါတယ်။