ကန့်ဘလူမြို့နှင့်ကျွန်းလှမြို့နယ်ကြားရှိ လိတ္ထူကျေးရွာ၌ ၅၅၀ ဆရာတော်၏ တပည့်များကအကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF တို့၏ Drone တစ်စီးကို ၁၂ စီးမြောက် ပစ်ချနိုင်ခဲ့

ဇူလိုင် ၁၃

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် ရေဦးခရိုင်၊ တန့်ဆည်မြို့နယ်  အသီးသီးရှိ အကြမ်းဖက်သောင်း ကျန်းသူ KIA နှင့် PDF များသည် အေးချမ်းစွာနေလိုတဲ့ တောင်သူလယ်သမားများနှင့် စာသင်ကြားနေတဲ့ ကလေးသူငယ်ကျောင်းသား/ ကျောင်းသူများ အပါအဝင် ဘုရားပွဲ တရားပွဲ ပဌာန်းပွဲကျင်း ပပြုလုပ်ရာတွင် Drone ကိုအသုံးပြုပြီး Drop Bomb များပစ်ချတိုက်ခိုက်ခြင်းများကို မကြာ ခဏ ပြုလုပ်လျှက်ရှိပါသည်။

     ထိုသို့ အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF တို့၏ Drop Bomb များပစ်ချတိုက်ခိုက်ရန် လာသည့် Drone တစ်စီးကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကန့်ဘလူမြို့နှင့်ကျွန်းလှမြို့နယ်ကြားရှိ လိတ္ထူကျေးရွာ၌ ၅၅၀ ဆရာတော်၏ တပည့်များက ပစ်ချနိူင်ခဲ့ကြောင်း၊ ယခု ပစ်ချခဲ့သည့် Drone အပါအဝင် စုစုပေါင်း Drone ၁၂ စီး ပစ်ချနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN