“တူရကီကို အမေရိကန်က F-16အမျိုးအစား တိုက်လေယာဥ်များလွှဲပြောင်းပေးအပ်နိုင်ရန် စီစဥ်နေကြသော်လည်း အမေရိကန်နိုင်ငံအတွင်းရှိ လွှတ်တော် အမတ်များက အဆိုပါ တိုက်ခိုက်ရေးယာဥ်များကို တူရကီတို့က မည်သို့ အသုံးပြုသွားမည်နည်း ဆိုသော အချက် ကိုစိုးရိမ်နေကြ”

ဇူလိုင် ၁၂

အန်ကာရာ(တူရကီ) က ဆွီဒင်နိုင်ငံကို နေတိုးအဖွဲ့ထဲဝင်ရောက်နိုင်ရန် မီးစိမ်းပြ ပြီးနောက် တူရကီနိုင်ငံ သို့ F-16 အမျိုးအစား တိုက်လေယာဉ်များ လွှဲပြောင်းပေးအပ်နိုင်ရန် စီစဉ်နေကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်၏ တာဝန်ရှိသူများက ပြောကြားခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန် အစိုးရ၏ လွှတ်တော်အမတ် များက ကန့်ကွက်ထားကြပြီး အမေရိကန် F – 16 တိုက်လေယာဥ်အမျိုးအစားတွေက်ို တူရကီနိုင်ငံ သို့ ပေးပို့နိုင်ရေး သဘောတူညီချက်များ မပြီးကြသေးဘူးလို့လည်း ​သတင်းဌာနများက ဖော်ပြပြောဆိုနေကြပါတယ်။

တူရကီနိုင်ငံ၏ သမ္မတ Recep Tayyip Erdogan က အမေရိကန်နိုင်ငံထုတ် F-16အမျိုးအစား တိုက်လေယာဉ် အသစ်များဝယ်ယူနိုင်ရန် နှင့် ၎င်းတို့ နိုင်ငံ စစ်တပ်၏ လက်ရှိ စစ်လေယာဉ်အုပ်စုများကိုပါ အဆင့်မြှင့်တင်လိုသည့်ဆန္ဒများရှိနေပြီး ဆွီဒင်နိုင်ငံ အား နေတိုး မဟာမိတ် အဖွဲ့အစည်း အတွင်းသို့ ဝင်ရောက်ရန် တူရကီနိုင်ငံက ၎င်းတို့ ၏ကန့်ကွက်ချက်ကို ပယ်ချခဲ့ပြီးနောက် တူရကီနိုင်ငံအတွက် နိုင်ငံရေး နှင့် စစ်ရေးအရ အားကောင်းလာနိုင်သော အချက်အဖြစ် ရှုမြင်ကြောင်း သတင်းဌာနများကဖော်ပြပြောဆ်ိုထားကြပါတယ်။

သို့သော် အမေရိကန်နိုင်ငံ၏ အထက်လွှတ်တော်၏ နိုင်ငံခြားဆက်ဆံရေးဌာန နှင့် အောက်လွှတ်တော်၏ နိုင်ငံခြားရေးရာ ကော်မတီများရှိ ရီပတ်ဘလီကန်အမတ်များနှင့် ဒီမိုကရက်အမတ်များထံမှ သဘောတူညီချက်မရရှိခဲ့ပါက အမေရိကန် နိုင်ငံ သမ္မတ Biden သည် အဆိုပါ စစ် လေယာဉ်များကို တူရကီ နိုင်ငံသို့ ရောင်းချလို့မရနိုင်ပါဘူးလို့လည်းဖော်ပြထားကြပါတယ်။

အဆိုပါ အဖွဲ့ဝင်များသည်တူရကီနိုင်ငံသို့ F – 16 အမျိုးအစားတိုက်လေယာဥ်များအား ရောင်းချမှုကို အတည်ပြုရန် တွန့်ဆုတ် နေကြသော်လည်း အထက်လွှတ်တော် အမတ်များသည် ပြီးခဲ့သည့် ဇူလိုင် ၁၁ရက် အင်္ဂါနေ့က ကန့်ကွက်မှုများ ငြိမ်သက်သွားသည့် အရိပ်အယောင်များ ပြသခဲ့ကြသော်လည်း အမေရိကန် နိုင်ငံ သမ္မတ Biden၏ အုပ်ချုပ်ရေးအဖွဲ့ နှင့် တူရကီ သမ္မတ အာဒိုဂန်တို့က F – 16 အမျိုးအစား တိုက်လေယာဥ်များ နှစ်နိုင်ငံ သဘောတူ ရောင်းချနိုင်ရေးများအတွက် ပိုမိုအားထုတ် လုပ်ဆောင် ရမည် ဖြစ်တယ်လို့ လည်း သတင်းဌာနများက ဖော်ပြပြောဆို ထားကြပါတယ်။

ထို့နောက် အမေရိကန်နိုင်ငံ၏ အချို့သော လွှတ်တော်အမတ်များက တူရကီနိုင်ငံသည် အမေရိကန်နိုင်ငံ မှပေးသော တိုက်ခိုက် ရေးလေယာဥ် များကို မည်သို့ အသုံးပြုသွား မည်နည်း ဆိုသော အချက် ကို စိုးရိမ်နေကြပြီး တူရကီနိုင်ငံသည် ဂရိနိုင်ငံ၏ လေပိုင်နက်ကို ယမန်နှစ်တွင် အကြိမ် ၁၀,၀၀၀ ကျော်နီးပါး ချိုးဖောက်ဝင်ရောက် ခဲ့ကြောင်း ဂရိအစိုးရက စွပ်စွဲခဲ့တာတွေလည်းရှိနေ ပြီး တူရကီနိုင်ငံ သည် ကာ့ဒ်လူမျိုးများ ထိန်းချုပ်ထား သော ဆီးရီးယားနိုင်ငံအတွင်းရှိ ဒေသများ၏ လေကြောင်းပိုင်ဆိုင်မှုများကိုပါ ခြိမ်းခြောက်ခဲ့ ကြောင်းလည်း သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။