ဘီးလင်းမြို့နယ်​၊ ဇုတ်​သုတ်​ကျေးရွာအုပ်​စုရှိ ရွာ​လေး(​မြောက်​ပိုင်း )တွင် ကျန်းမာ​ရေးမှူး၏ နေအိမ်​ကို PDF အမည်ခံ လူသတ်အကြမ်းဖက်​သမားများက လက်နက်ငယ်၊ လက်ပစ်ဗုံးတို့ဖြင့် ပစ်ခတ်

ဇူလိုင် ၁၀

     မွန်​ပြည်​နယ်​၊ ကျိုက်​ထိုခရိုင်​၊ ဘီးလင်းမြို့နယ်​၊ ဇုတ်​သုတ်​ကျေးရွာအုပ်​စုရှိ ရွာ​လေး(​မြောက်​ပိုင်း ) ဦး​ငွေကြည်​( ကျန်းမာ​ရေးမှူး )​နေအိမ်​ကို ယမန် နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်​ခန့်က PDF အမည်ခံ လူသတ်အကြမ်းဖက်​သမားများက လာ​ရောက်​၍ လက်​နက်​ငယ်​များဖြင့်​ ၅ ချက်​ပစ်​ခတ်​သွားခဲ့ပြီး ဦး​ငွေကြည်​၏​နေအိမ်​အတွင်းသို့ လက်​ပစ်​ဗုံးတစ်​လုံးထပ်​မံ၍ ပစ်​ထည့်​သွားခဲ့​ကြောင်း၊ အဆိုပါလက်​ပစ်​ဗုံးမှ​ပေါက်​ကွဲခြင်းမရှိခဲ့​ကြောင်း သိရပါသည်။

        ထိုသို့ လက်​နက်​ငယ်​များ၊လက်​ပစ်​ဗုံးတို့ဖြင့်​ ပစ်ခတ်ခြင်းကြောင့် လူထိခိုက်မှုမရှိကြောင်း၊
ဦးငွေကြည် မိသားစုသည် NLDပါတီကို ထောက် ခံသူအမာခံများဖြစ်ကြောင်း၊ ၎င်း၏ သားတစ်ယောက်မှာ တပ်မတော်မှ ဗိုလ်ကြီးအဆင့်ဖြစ်ကြောင်း၊ အကြမ်းဖက် PDF များက ဇုတ်သုတ်ရွာနီးတွင် ခိုအောင်းနေပြီး ညဘက်မှ ထွက်လုပ်လာတာဖြစ်ကြောင်း၊ မည်သည့်အကြောင်းကြောင့် ယခုလိုပစ်ခတ်ရခြင်းကို မသိရသေးကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။

#PAN