ဇူလိုင် ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအုပ်စုရှိ ရွာလေး(မြောက်ပိုင်း ) ဦးငွေကြည်( ကျန်းမာရေးမှူး )နေအိမ်ကို ယမန် နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က PDF အမည်ခံ လူသတ်အကြမ်းဖက်သမားများက လာရောက်၍ လက်နက်ငယ်များဖြင့် ၅ ချက်ပစ်ခတ်သွားခဲ့ပြီး ဦးငွေကြည်၏နေအိမ်အတွင်းသို့ လက်ပစ်ဗုံးတစ်လုံးထပ်မံ၍ ပစ်ထည့်သွားခဲ့ကြောင်း၊ အဆိုပါလက်ပစ်ဗုံးမှပေါက်ကွဲခြင်းမရှိခဲ့ကြောင်း သိရပါသည်။
ထိုသို့ လက်နက်ငယ်များ၊လက်ပစ်ဗုံးတို့ဖြင့် ပစ်ခတ်ခြင်းကြောင့် လူထိခိုက်မှုမရှိကြောင်း၊
ဦးငွေကြည် မိသားစုသည် NLDပါတီကို ထောက် ခံသူအမာခံများဖြစ်ကြောင်း၊ ၎င်း၏ သားတစ်ယောက်မှာ တပ်မတော်မှ ဗိုလ်ကြီးအဆင့်ဖြစ်ကြောင်း၊ အကြမ်းဖက် PDF များက ဇုတ်သုတ်ရွာနီးတွင် ခိုအောင်းနေပြီး ညဘက်မှ ထွက်လုပ်လာတာဖြစ်ကြောင်း၊ မည်သည့်အကြောင်းကြောင့် ယခုလိုပစ်ခတ်ရခြင်းကို မသိရသေးကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။
#PAN