ဇေယျာသီရိမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်တွင် စိတ်မနှံ့သူ အမျိုးသားတစ်ဦးကို စုံစမ်းဆဲမော်တော်ယာဥ် တစ်စီးက တိုက်ပြီးထွက်ပြေး

ဇူလိုင် ၁၀

     ယမန်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် နေပြည်တော်၊ဇေယျာသီရိမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် (၂၂၆/၂) နှင့် (၂၂၆/၃)အကြား ယာဉ်အမှတ်စုံစမ်းဆဲ​က အဘအမည်/နေရပ်လိပ်စာ စုံစမ်းဆဲ၊ အမည်မသိ (စိတ်မနှံ့) အသက် ၅၅ နှစ်ခန့်ရှ်ိအမျိုးသားတစ်ဦးအား တိုက်သွားခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

      ဖြစ်စဥ်ကို စုံစမ်းကြည့်ရာ ကျေးရွာရှိရပ်ကျေးအဖွဲ့များမှ ထိုသူအား ရန်ကုန် – မန္တလေးလမ်းဟောင်း တစ်လျှောက်တွင် လည်းကောင်း၊ စိမ်းစားပင်ကျေးရွာနှင့် မအူတောကျေးရွာအနီးတွင်းလည်း  မကြာခဏတွေ့ရှိရကြောင်း၊ ၎င်းသည် စိတ်မနှံ့ဘဲလမ်းဘေးတစ်လျှောက်သွားလာနေသူဖြစ်ကြောင်း သိရှိရပါသည်။ ထိုနောက် ယာဉ်မှုစစ်သို့ အကြောင်းကြားခဲရာ တာဝန်ရှိ ယာဥ်ထိန်းတပ်ဖွဲ့မှ ယာဉ်မှုစစ်များက ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN