မော်လိုက်မြို့နယ်၊ တောင်းအင်ရွာ ရှိ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အင်အားအများအပြားဖြင့် စိုးမိုးထားသော ရွာနှင့် စခန်းကုန်းကို တပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်

ဇူလိုင် ၉

        ယနေ နံနက် ၈ နာရီအချိန်မှ စ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ တောင်းအင်ရွာရှိ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF အင်အားအများအပြားဖြင့် စိုးမိုးထားသော ရွာနှင့် စခန်းကုန်းကို တပ်မတော်မှ လေကြောင်းပစ်များဖြင့်လည်းကောင်း၊ မြေပြင်တွင် ၁၂၀ မမများဖြင့်လည်းကောင်း ပစ်ခတ်ပြီး တပ်မတော်စစ်ကြောင်းများက ဝင်ရောက်တိုက် ခိုက်နေသည်မှာ ယနေ့တွင် ၆ ရက်ခန့်ရှိသွားပြီးဖြစ် ကြောင်း၊ တောင်းအင်ရွာမှ ပြည်ခိုင်ဖြိုးပါတီဝင် ဦးအောင်ထွန်း၊ ၆၃ နှစ်ကို အဆိုပါ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDFများက ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရပါသည်။

    ယနေ့ ညနေ ၄ နာရီခွဲအချိန်တွင် မော်လိုက်မြို့ နယ်၊တောင်းအင်စခန်းကုန်းနှင့်ရွာကို တပ်မတော်က ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုအခြေအနေ မသိရသေးကြောင်း၊
တောင်းအင်ရွာမှ ပြည်ခိုင်ဖြိုးပါတီဝင် ဦးအောင်ထွန်း ကို အကြမ်းဖက် PDF များက သတ်ဖြတ်လိုက်ကြောင်း သတင်းရရှိပါသည်။

#PAN