အကြမ်းဖက်သောင်းကျန်းသူ KNLA/PDF အဖွဲ့က ကျိုက်ဒုံမြို့ထဲသို့ ဒရုန်းဖြင့် ဗုံးပစ်ချတိုက်ခိုက်

ဇူလိုင် ၈

     ယနေ့ မွန်းလွဲ ၁၁ နာရီအချိန်ခန့်တွင် ကရင် ပြည်နယ်၊ ကျိုက်ဒုံမြို့ထဲသို့ အကြမ်းဖက်သောင်းကျန်းသူ KNLA/PDF အဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

     ထိုသို့ ဒရုန်းဖြင့် ဗုံးပစ်ချ တိုက်ခိုက်မှုကြောင့်
ဗုံးသီး တစ်လုံးသည် မြို့ထဲရှိ ဟောင်သရောခန်းမပေါ်သို့ ကျရောက်ခဲ့ပြီး အမိုးသွပ်၊ မျက်နှာကျက်နှင့် လေကာမှန်များ ထိခိုက်ပျက်ဆီးခဲ့ကြောင်း၊ နောက်ဗုံးသီးတစ်လုံးသည် ကျေးလက်ကျန်းမာရေးဌာန ရုံးပေါ်သို့ ကျရောက်ခဲ့ပြီး အမိုးသွပ်၊ မျက်နှာကျက်များ ပျက်စီးခဲ့ကြောင်း၊ လူထိခိုက်မှုမရှိကြောင်းသတင်းရရှိပါသည်။

     အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် စစ်အာဏာရှင်တော်လှန်ရေးအမည်ခံထားသော်လည်း ယခုလို အရပ်သားပြည်သူများကို ပစ်မှတ်တိုက်ခိုက်နေသဖြင့် ကရင်ပြည်နယ်ရှိ ပြည်သူများက ၎င်းအကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ ရွံရှာမုန်းတီးနေကြကြောင်း ဒေသခံပြည်သူများထံမှ ကြားသိရပါသည်။

#PAN