ပါကစ္စတန်တွင် ရေကြီးရေလျှံမှုအတွင်း အနည်း ဆုံး လူ ၅၀ သေဆုံးပြီး ၈၇ ဦး ဒဏ်ရာရ

ဇူလိုင် ၈

     ပါကစ္စတန် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီ (NDMA) ၏ အဆိုအရ နိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးပြီး ၈၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဇွန်လနှောင်းပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆက်တိုက်ဆိုသလိုပင် လူနေအိမ်များပျက်စီးခဲ့ပြီး Balochistan ပြည်နယ်တွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ကာ အဝေးပြေးလမ်းများပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည်။

      NDMA မှလည်း နေအိမ် ၆၂ လုံး တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝ ပျက်စီးခဲ့ပြီး ရာသီဥတုဆိုးရွားမှုကြောင့် တိရစ္ဆာန် ၁၅ ကောင် အသက်ဆုံးရှုံးခဲ့ကြောင်း NDMA မှ မှတ်ချက်ပြုခဲ့သည်။ အထူးသဖြင့် လာဟိုးတွင် စံချိန်တင်မိုးရွာသွန်းမှု ကြုံတွေ့ခဲ့ရပြီး နေရာအနှံ့ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။

#PAN