ငါန်းဇွန်မြို့နယ်အတွင်း ဒေသခံ ပြည်သူများ၏ သတင်းပေးမှုအရ အကြမ်းဖက်သောင်းကျန်းသူ PDF များ ထောင်ထားသော မိုင်းများကို နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က ရှင်းလင်းဖော်ထုတ်

ဇူလိုင် ၈

     ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကျေးရွာအနီး တံတားဦး-မြင်းခြံ ကားလမ်းပေါ်တွင် အကြမ်းဖက်သမား PDF များက မိုင်းထောင်ထားသော ကားမိုင်း ၁၁ လုံးကို နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းဖော်ထုတ်နိုင်ခဲ့ပြီး ဖောက်ခွဲဖျက်ဆီးပစ်ခဲ့ကြောင်း သိရပါသည်။

      တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ ဒေသခံ ပြည်သူများက မိုင်းထောင်ထားတဲ့နေရာတွေကိုအတိ အကျသတင်းပေးလာမှုကြောင့် ယခုလို ဖော်ထုတ်ရှင်းလင်းနိူင်တာဖြစ်ပြီး ပြည်သူများကို မိုင်းအန္တရာယ်ကင်းအောင်လုပ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN