ရွှေကူမြို့ပေါ်တွင် အပြစ်မဲ့သာမန်ပြည်သူ တစ်ဦးကို လူသတ်အကြမ်းဖက် PDF များက အကြောင်းမဲ့ သတ်ဖြတ်၊ PDF များ၏ လက်နက် ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထိတ်လန့် ကြောက်ရွံ့နေ

ဇူလိုင် ၈

      ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့၊
အမှတ်(၁)ရပ်ကွက်၊ ခုံခမ်းရပ်တွင်နေထိုင်သော ဒေါ်အေးသန်း၊၄၈ နှစ်၊(ဘ)ဦးလော့ရင့်၊ဈေး‌ ရောင်း ဆိုသူကို ယမန်နေ့ ည ၁၀ နာရီအချိန်
ခန့်တွင် စိစစ်ဆဲ လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF နှစ်ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ၎င်း၏နေအိမ်ထဲသို့ဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကြောင့် ဒေါ်အေးသန်း ၏ဝဲဘက်ရင်အုံတွင်
သေနတ်ဒဏ်ရာ တစ်ချက်ဖြင့် ၎င်းနေရာတွင် သေဆုံးသွားကြောင်း၊ ဒေါ်အေးသန်း မှာ သာမန်ပြည်သူတစ်ဦးသာဖြစ်ပြီး မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ရသည်ကို မသိရသေးကြောင်း
သိရှိရပါသည်။

       အလားတူ ဇူလိုင် ၆ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင်လည်း ရွှေကူမြို့နယ်၊ ငါးဘတ်ဝကျေး ရွာရှိ ဘုရားကုန်းတွင် အခြေပြုထားသောတပ်မတော်စစ်ကြောင်းကို သင်္ဘောအင်းကျေးရွာဘက် မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ငါးဘတ်ဝကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲပြီး
အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ
လက်ပျဉ်တွင်လည်းကောင်း၊အမျိုးသား တစ်ဦးမှာ လည်ပင်းတွင်လည်းကောင်း လက်နက်ကြီး စထိမှန်(မစိုးရိမ်ရ) ဒဏ်ရာရရှိကြောင်း၊ ရွှေကူမြို့
ပေါ်ရပ်ကွက်များရှိ ပြည်သူများအနေဖြင့် ထိုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထိတ်လန့် ကြောက်ရွံ့နေကြကြောင်း သတင်းရရှိပါသည်။

#PAN