အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ယာယီအကြီးအကဲတို့အား လက်ခံတွေ့ဆုံ

ဇူလိုင် ၇

     အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Mr. Ramanathan Balakrishnan နှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ယာယီအကြီးအကဲဖြစ်သူ Ms. Danielle Parry တို့အား ၇-၇-၂၀၂၃ ရက်၊ (၁၄၀၀) နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

     ထိုသို့တွေ့ဆုံရာတွင် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရေးနှင့် ထိရောက်မှုရှိစေရေးတို့အတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ ကြကြောင်း သိရှိရပါသည်။


The Union Minister for International Cooperation receives UN Resident Coordinator and Humanitarian Coordinator (a.i.), and OCHA Head of Office (a.i.)

(7 July 2023, Nay Pyi Taw)

U Ko Ko Hlaing, Union Minister for International Cooperation received Mr. Ramanathan Balakrishnan, UN Resident Coordinator and Humanitarian Coordinator (a.i.), and Ms. Danielle Parry, UNOCHA’s Head of Office (a.i.) at the Ministry of International Cooperation in Nay Pyi Taw on 7 July 2023 at 14:00 hrs.

During the meeting, they discussed the matters of cooperation and collaboration for smooth and effective provision of humanitarian assistance to the needy population affected by Cyclone MOCHA in Myanmar.

#PAN