ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ မောင်းမကန်လမ်းအနီး ရေမြောင်းတွင် သိုဝှက်ထားသော လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများကို တရားခံများက လိုက်လံပြသစဥ် ထွက်ပြေးသဖြင့် လုံခြုံရေးအဖွဲ့က ပစ်ခတ်ဖမ်းဆီး

ဇူလိုင် ၇

      ယမန်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် ရန်ကုန် တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၊ မောင်းမကန်လမ်းအနီး၌ လက် နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ သိုဝှက်ထားကြောင်း ဖမ်းဆီးရမိတရားခံများဖြစ်ကြသော ကောင်းဇာနည်ဟိန်း(ခ)လပြည့်ဦး(ခ) ကောင်း ကောင်း၊ ၂၃ နှစ်၊(ဘ)ဦးထွန်းထွန်းဦး၊ ၁၂/ လသ ယ(နိုင်)၀၀၆၉၃၇၊ တိုက်(၆၇)၊ (၇)လွှာ၊ Hostel Myanmar အမျိုးသားအဆောင်၊ လှည်းတန်းလမ်း၊ (၈)ရပ်ကွက်၊ ကမာရွတ်မြို့နယ်နှင့် ကျော်သူရ(ခ)အီးတီ၊ ၃၀ နှစ်၊ (ဘ)ဦးစောထွန်းဦး၊ ၁၂/လသယ(နိုင်)၀၈၆၇၀၅၊ တိုက်(၆၇)၊ (၇)လွှာ၊ Hostel Myanmar, အမျိုးသားအဆောင်၊ လှည်းတန်းလမ်း၊ (၈)ရပ်ကွက်၊ ကမာရွတ်မြို့နယ်တို့၏ ညွှန်ပြမှုဖြင့်သွားရောက်ရှာဖွေခဲ့ကြောင်း သိရပါသည်။

      ထိုသို့ သွားရောက်ရှာဖွေခဲ့ရာ(၂၉)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊မောင်းမကန်လမ်းဘေးအနီးရေမြောင်းတွင် သိုဝှက်ထားသော လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ ရှာဖွေနေစဉ် အဆိုပါတရားခံ ၂ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်
များအား တွန်းထိုးတိုက်ခိုက်ထွက်ပြေးခဲ့ရာ ရပ် တန့်မှုမရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ် ခတ်ဖမ်းဆီးခဲ့ရာ ကောင်းဇာနည်ဟိန်း(ခ)လပြည့်ဦး(ခ)ကောင်းကောင်းတွင် ဝဲဘက်ကျောဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ခါး နောက်ပိုင်းဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ဇတ်ပိုးဖောက်ဝင်ဒဏ် ရာ ၁ ချက်၊ ကျော်သူရ(ခ)အီးတီ တွင် ဝဲဘက်ဇာတ်ပိုးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲနောက် ကျော ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဆီးခုံဖောက် ဝင်ဒဏ်ရာ ၁ ချက်တို့ ဒဏ်ရာအသီးသီးရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

      အဆိုပါ အခင်းဖြစ်နေရာမှ FGC 9 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၉ တောင့်၊ တရုတ်လက်ပစ်ဗုံး ၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း၊ သေဆုံးသူ ၂ ဦးကို ရဲဆေးစာဖြင့် အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)
သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN