သင်္ဘောသီးရဲ့ ကျန်းမာရေး ကောင်းကျိုး

ဇူလိုင် ၇

       သင်္ဘောသီးကို စားသုံးခြင်းကြောင့်  ဗီတာမင် များစွာရရှိစေပြီး အသားအရည်ကိုလည်း စိုပြေလှပစေပါတယ်။ သင်္ဘောသီးမှာ ဗီတာမင် အေ၊ စီ၊ အီ နဲ့ ဗီတာမင်ကေ စတဲ့ဗီတာမင်ဓာတ်များစွာပါဝင်ပြီး ကိုယ်ခန္ဓာအတွက်ကောင်းမွန်တဲ့ ဓာတ်တွေဖြစ်တဲ့ မက်ဂနီစီယမ် , ပိုတက်ဆီယမ် ,ကယ်လိုရိုတင်း, ပရိုတင်း , အမျှင်ဓာတ် နဲ့ papain enzyme တွေပါဝင်ပါတယ်။ ဒါ့အပြင် နောက်ထပ်များစွာတဲ့ ကောင်းကျိုးတွေကိုလည်း ပေးစွမ်းပါသေးတယ်။

   သင်္ဘောသီးက အမည်းစက်တွေ၊ အမာရွက် တို့ကိုသက်သာပျောက်ကင်းစေပါတယ်။ အရေးအကြောင်းတွေ ဖြစ်ပေါ်ခြင်းကိုလည်း သက်သာစေပါတယ်။ သင်္ဘောသီးမှာ antioxidant တွေ ပါဝင်တာကြောင့် မျက်နာတစ်ဝိုက်မှာ ရှိနေတဲ့ အရေးအကြောင်းတွေကို ဖြေဖျောက်ပေးပါတယ်။ ဗီတာမင် စီဓာတ်ပါဝင်တာကြောင့်လည်း အသားအရည် မညီညာခြင်းကို ညှိပေးတဲ့အပြင် အသားအရည်အစိုဓာတ်ကိုထိန်းညှိပေးပြီး အသားအရည်ကိုလည်း ကြည်လင်စေ ပါတယ်။

     ဆဲလ်သေတွေကိုလည်းပြန်လည်ရှင်သန်စေပါတယ်။ အဲဒါကြောင့် ၂၀ကျော် အမျိုးသမီးတိုင်း သင်္ဘောသီးကို ပုံမှန်စားသုံးပေးခြင်း၊ အသားအရည်ပေါ်မှာညှင်သာစွာပွတ်တိုက်ပေးခြင်း စတဲ့လုပ်ဆောင်ချက်တွေကို မပျတ်မကွက် လုပ် ဆောင်သင့်ပါတယ်။ ဒါ့အပြင် သင်္ဘောသီးကိုအရည်ဖျော်(ပျစ်ပျစ်)ပြီး အသားကွဲ၊အသားပတ်သောနေရာတွေမှာ ပုံမှန်လိမ်းပေးပါက လျင်မြန်စွာသက်သာစေပါတယ်။

        သင်္ဘောသီးက ဆံပင်ကိုကျန်းမာသန်စွမ်းစေပြီး ဗြောက်ကိုလည်း ပျောက်စေပါတယ်။သင်္ဘောသီက ဝက်ခြံထွက်ခြင်းကို လျော့ချပေးပါတယ်။ သင်္ဘောသီးမှာပါဝင်တဲ့ papain enzyme ကတော့ အသားအရည်ကို ကောင်းမွန်စွာချေးချွတ်သန့်စင်ပေးတာကြောင့်  အညစ်အကြေးတွေစုပြီး ဖြစ်ပေါ်လာတဲ့ ဝက်ခြံတွေ မဖြစ်နိုင်ရန် ကာကွယ်ပေးပါတယ်။ အဲဒါကြောင့် ဝက်ခြံကင်းသောအသားအရည်ကိုပိုင်ဆိုင်နိုင်ရန် သင်္ဘောသီး နဲ့ ပန်းသီးတို့ကို ရောပြီး ဖျော်လိုက်ပါ။ အဲဒီနောက် မျက်နှာပြင်အနှံ့လိမ်းပေးပါက ကောင်းမွန်တဲ့ ရလဒ်ကိုတွေ့မြင်နိုင်ပါတယ်။

Credit Novel Star Media

#PAN