ကြာအင်းဆိပ်ကြီးမြို့အဝင်နေရာရှိ ဓာတ်အားခွဲရုံကို အကြမ်းဖက်သောင်းကျန်းသူ KNLA တပ်မ ဟာ(၆)နှင့် PDF(စိစစ်ဆဲ)အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး၊ ငွေကျပ်သိန်း ၂၀၀၀ ကျော်ခန့် ပျက်စီးဆုံးရှုံးနှင့် PD(စိစစ်ဆဲ)အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး၊ ငွေကျပ်သိန်း ၂၀၀၀ ကျော်ခန့် ပျက်စီးဆုံးရှုံး

ဇူလိုင် ၇

      ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ကရင် ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရွှေဒိုးကျေးရွာအုပ်စု၊ ကျောက်ခဲကုန်းကျေးရွာ၊ ကြာ အင်းဆိပ်ကြီး- ချောင်းနှစ်ခွကားလမ်းဘေး(ကြာအင်းဆိပ်ကြီးမြို့အဝင်)နေရာရှိ ကြာအင်းဆိပ်ကြီးမြို့ဓာတ်အားခွဲရုံနေရာကို အကြမ်း ဖက်သောင်းကျန်းသူ KNLA တပ်မဟာ(၆)၊ ရင်း (၁၇)၊ ခွဲ(၁)မှ ခွဲမှူးအဆင့်ရှိ ကျော်ဇင် ခေါင်း ဆောင်သောအဖွဲ့နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့ အင်အား ၃၅ ဦးခန့်က မိုင်းထောင်ဖောက် ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ​အကြမ်းဖက်သောင်းကျန်းသူ KNLA တပ်မဟာ(၆)၊ ရင်း(၁၇)၊ ခွဲ(၁)မှ ခွဲမှူးအဆင့်ရှိ ကျော်ဇင် ခေါင်းဆောင်သောအဖွဲ့နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့အင်အား ၃၅ ဦးခန့်သည် ယူနီဖောင်းဝတ်/လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ကာ ခြေလျင်ဖြင့် ကြာအင်းဆိပ်ကြီး မြို့နယ်၊ ရွှေလင်းကျေးရွာဘက်မှ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရွှေဒိုးကျေးရွာအုပ်စု၊ ကျောက်ခဲကုန်းကျေးရွာ ကြာအင်းဆိပ်ကြီး- ချောင်းနှစ်ခွကားလမ်းဘေးနေရာရှိ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးလျက်ရှိသော (၆၆)ကေဗီအေဓာတ်အားခွဲရုံနေရာသို့ ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် ရောက်ရှိလာခဲ့ပြီး ဓာတ်အားခွဲရုံဝန်ထမ်းအဆောင်တွင် နေထိုင်လျက်ရှိသော ဦးလွင်ညိမ်းသူ(လျှပ်စစ်ကျွမ်း ကျင်-၃)နှင့် ဝန်ထမ်း(၅)ဦးတို့၏ ဖုန်းများအားသိမ်းယူပြီး ဓာတ်အားခွဲရုံဝန်းအပြင်ဘက် ကားလမ်းပေါ်တွင် ထိုင်ခိုင်းထားကာ အကြမ်းဖက်အဖွဲ့ များမှ ဓာတ်အားခွဲရုံဝန်းအတွင်းရှိအဆောက်အဦနှင့် ထရန်စဖော်မာတို့ကို မိုင်းထောင်ဖောက်ခွဲခဲ့ပြီး ရွှေလင်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပါသည်။

      ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့်  66/11 KV (10mba) နှင့် 66/33KV(30mba)ထရန်စဖော်မာ(၂)လုံး၊ Control Room Pannel များအားလုံး ပျက်စီးခဲ့ပြီး ထိန်းချုပ်အဆောက်အဦး အလျား(၄၀)ပေ၊ အနံ(၂၅)ပေရှိ သွပ်မိုး/အုတ်ကာ အဆောက်အဦးအမိုးသွပ်များ၊ မျက်နှာကျက်များ၊ ပြတင်းပေါက်များအားလုံးနှင့် အဆောက် အဦအတွင်းရှိ ထိန်းချုပ်ပစ္စည်းများအားလုံးပျက်
စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကာလတန်ဖိုးငွေကျပ်သိန်း ၂၀၀၀ ကျော်ခန့်ဖြစ်ကြောင်းနှင့် ဖြစ်စဉ်နေရာနှင့်အနီးဝန်းကျင်ကို နယ်မြေခံစစ်ကြောင်းက နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN