အုတ်ဖိုမြို့နယ်ရှိ ရာအိမ်မှူး တစ်ဦးကို လူသတ်အကြမ်းဖက် PDF များက သေနတ်ဖြင့် နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၆

    ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊အုတ်ဖိုမြို့နယ်၊ အောက်ကိုင်းအုပ်စု၊ သရက်တော(မြောက်)ရွာ ရာအိမ်မှူး ဦးမြင့်ဦး၊ ၆၂ နှစ် (ဘ)ဦလှငွေ သည် နေအိမ်တွင်ရှိနေစဥ် လက်နက်ကိုင်ထားသော လူသတ်အကြမ်းဖက် PDF (စိစစ်ဆဲ) ၄ ဦးက ၎င်း နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်သတ်ဖြတ်
ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ပစ်ခတ်မှုကြောင့်  ဦးမြင့်ဦး သည် နားထင်တွင် သေနတ်ဒဏ်ရာ တစ်ချက်နှင့် ပေါင်တွင် တစ်ချက် ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်း သူ PDF များသည် ရွာတောင်ပိုင်းသို့ ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

#PAN