“အီရန် က အစ္စရေး ဆန့်ကျင်ရေး အစီအစဥ်များတွင် BRICS အဖွဲ့အစည်းကြီး ကို အသုံးချနိုင်သော်လည်း အိန္ဒိယနိုင်ငံ ကို အသုံးချမှုများတွင် အောင်မြင်မှုရရှိနိုင်မှာ မဟုတ်ဘူးလို့ WION သတင်းဌာနက ထောက်ပြပြောဆိုခဲ့”

ဇူလိုင် ၆

တောင်အာဖရိကနိုင်ငံတွင် ကျင်းပပြုလုပ်မိ BRICS+ ဆိုင်ရာနိုင်ငံများ ထိပ်သီးအစည်း အဝေးကို အီရန်နိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ကျင်းပသွား ဖွယ်ရှိနေကြောင်း သတင်းဌာနများ ပြီးခဲ့သည့် ဇူလိုင် ၅ရက်နေ့က ကဖော်ပြပြော ဆိုထားကြပါတယ်။

တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa က လာမည့် ဩဂုတ်လတွင် တောင်အာဖရိကနိုင်ငံ Johannesburgမြို့ တွင်ကျင်းပမည့် BRICS+ ဆိုင်ရာ နိုင်ငံများ ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရန် အီရန်သမ္မတ Ebrahim Raisi အား ဖိတ်ကြားထား ကြောင်းလည်းဖော်ပြထားကြပါတယ်။

အီရန်နိုင်ငံ သည် BRICS အဖွဲ့အစည်းကြီး၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အဖြစ် တရားဝင် လျှောက်ထားခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian က ပြီးခဲ့သည့် ဇွန်လ အစောပိုင်းက တောင်အာဖရိကနိုင်ငံ Cape Town မြို့တွင်ကျင်းပခဲ့သည့် “BRICS မိတ်ဆွေများ” ညီလာခံအစည်းအဝေးအပြီးတွင် တောင်အာဖရိကနိုင်ငံခြားရေးဝန်ကြီး Naledi Pandor နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီး အဆိုပါ ပြောဆိုဆွေးနွေးမှုများသည် ၎င်းတို့နိုင်ငံ၏ အသီးအပွင့်ရလဒ် များဖြစ်တယ် လို့ယူဆ ကြောင်း ပြောဆိုထားတာ တွေလည်း ရှိနေပါတယ်။

ထို့နောက် WION သတင်းဌာနက အီရန်နိုင်ငံ သည် အစ္စရေးဆန့်ကျင်ရေး အစီအစဉ်များတွင် ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ တောင်အာဖရိကနိုင်ငံ ၊ ဘရာဇီးနိုင်ငံ တို့နှင့် ဆက်ဆံရေးကို အသုံးချနိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။ သို့သော် အိန္ဒိယနိုင်ငံနှင့် အစ္စရေးနိုင်ငံတို့သည် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးများရှိကြသောကြောင့် အိီရန် နိုင်ငံက အိန္ဒိယနိုင်ငံကို ယင်းကဲ့သို့ အသုံးချမှုများတွင် အောင်မြင်မှုရရှိမှာ မဟုတ်ဘူးလိုလည်း အဆိုပါ သတင်းဌာနက ပြီးခဲ့သည့် ဇူလိုင် ၄ရက်နေ့က ဖော်ပြပြောဆိုထားပါတယ်။