အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာမှ လူသတ်အကြမ်းဖက် PDF များ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၅ ဦး သေဆုံး၊ သံဃာတော် ၃ ပါး အပါအဝင်  ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့

ဇူလိုင် ၆

    စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့ နယ်၊ ငွေတွင်းကျေးရွာအား ယမန်နေ့နံနက်ပိုင်းတွင်  PDF အမည်ခံ အကြမ်းဖက်သမားများက လက် လုပ်စိန်ပြောင်းများဖြင့် လာရောက် ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ဒေသခံ ပြည်သူ ၁၅ ဦးသေဆုံးပြီး သံဃာတော် ၃ ပါး အပါအဝင်  ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

       PDF အမည်ခံအကြမ်းဖက်သမားများ၏ ထိုကဲ့သို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်မှုကြောင့် အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာမှ အပြစ်မဲ့ပြည်သူ သေဆုံးများမှာ မောင်နိုင်မင်းဦး၊ ၂၂ နှစ်၊ (ဘ) ဦးစိုးမင်းထွန်း (သေဆုံး)၊ ဦးဖိုးစိုး၊ ၆၀ နှစ်၊(ဘ) ဦးသက်ကြီး-(သေဆုံး)၊ ဦးတင်မြင့်၊ ၆၀ နှစ်၊ (ဘ)ဦးခင်မောင်ကြီး(သေဆုံး)၊ ဦးညွန့်လွင်၊ ၅၄ နှစ်၊ (ဘ) ဦးဖိုးချို(သေဆုံး)၊ ဦးမြင့်လိူင်၊ ၅၃ နှစ်၊ (ဘ) ဦးမှတ်ကြီး(သေဆုံး)၊ ဦးကျော်လင်း၊ ၄၅ နှစ်၊(ဘ) ဦးချစ်ထွန်း(သေဆုံး)၊ ဦးနိုင်၊ ၄၅ နှစ်၊(ဘ)ဦးကြီး (သေဆုံး)၊ ဦးဖိုးသား၊ ၃၂ နှစ်၊(ဘ)ဦးချစ်ခင်(သေဆုံး)၊ ကိုဖြိုး၊ ၂၆ နှစ်၊(ဘ)ဦးသန်းကျော်(သေဆုံး)၊ ကိုနန်းထိုက်၊ ၂၅ နှစ်၊(ဘ)ဦးညိုခိုင်(သေဆုံး)၊ ကိုအာကာ၊၂၁ နှစ်၊(ဘ)ဦးဟန်ငွေ(သေဆုံး)၊ မောင်ကျော်စွာလင်း၊၁၇ နှစ်၊(ဘ)ဦးဝင်းအောင်(သေဆုံး)၊ မောင်ငြိမ်းကြည်ကျော်၊၁၆ နှစ်၊(ဘ)ဦးဖိုးပြား(သေဆုံး)၊ မောင်ဟိန်းထက်အောင်၊ ၁၅ နှစ်၊(ဘ)ဦးတင်မောင်ဝင်း(သေဆုံး)၊ဒေါ်ဘုတ်ဆုံ၊၄၅ နှစ်၊ (ဘ)ဦးချစ်သန်း(သေဆုံး)တို့ ဖြစ်ကြောင်းသိရပါသည်။

        ဒဏ်ရာရစာရင်းများမှာ မောင်နေတိုး၊၁၉နှစ် ၊(ဘ)ဦးမြင့်ဦး(စိုးရိမ်ရ)၊ မောင်ချစ်မွေး၊၁၇နှစ်၊(ဘ)ဦးအောင်မျိုး(စိုးရိမ်ရ)၊ ဦးဖိုးသား၊၃၁ နှစ်၊(ဘ)ဦးဘုန်းကြွယ်(မစိုးရိမ်ရ)၊ မောင်ဖိုးလပြည့်၊၁၈ နှစ်၊(ဘ)ဦးတင်မြင့်(မစိုးရိမ်ရ)၊ ဥူးပညာ ၅၆ နှစ်၊(ဘ)ဦးရွှေနိုင်(စိုးရိမ်ရ)၊ ဥူးကောဥာဏ ၄၅ နှစ်၊(ဘ)ဦးဖိုးရုန်း(မစိုးရိမ်ရ)၊အရှင်တေဇော၊၁၇ နှစ်၊(ဘ)ဦးဖိုးပို(မစိုးရိမ်ရ)တို့ ဖြစ်ကြောင်းသတင်းရရှိပါသည်။

#PAN