အကြမ်းဖက် PDFများမှ သာလွန်အင်အားဖြင့် ဝင်ရောက် စီးနင်းပစ်ခတ်မှု ပြည်ခိုင်ဖြိုး မိသားစု ၃ ဦး သေဆုံး၊လေကြောင်းပစ်ကူယူတိုက်ခိုက်မှုကြောင့် အကြမ်း ဖက် PDF ၁၀၀ ကျော်သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ

ဇူလိုင် ၆

    ယမန်နေ့ နံနက် ၃ နာရီခန့်က ချောင်းဦးမြို့နယ်၊ပြည်သူ့စစ်ဌာနေရွာများဖြင့်သော ကံကြီးကုန်းကျေးရွာ၊ ကင်မွန်းတော်ကျေးရွာများကို အကြမ်း ဖက်PDFများကသာလွန်အင်အားများဖြင့် လက်နက်ကြီး လက်နက်ငယ်များ၊ဒရုန်းများဖြင့်ပစ်ခတ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြပန်ထားပြီး ဖြစ်ပါသည်။

     လူသတ်အကြမ်းဖက် PDF များသည် တစ်ရွာလျှင် အင်အား ၅၀၀ ခန့်စီဖြင့်၊ လူအင်အား ပစ်အား အသာစီးဖြင့် ဝင်ရောက် စီးနင်းရန်ကြိုးစားနေရာမှ နံနက် ၆ နာရီအချိန်ခန့်တွင် ကင်မွန်းတော်ပြည်သူ့စစ်ရွာကို ထိုးစစ်ဆင်နေသော အကြမ်း ဖက် PDF များသည် ကံကြီးကုန်းရွာသို့ သွား ရောက်ပူးပေါင်းရန် ဆုတ်ခွာခဲ့ပြီး ကံကြီးကုန်းပြည်သူ့စစ်ရွာသို့ တိုက်ခိုက်နေသည့် အကြမ်းဖက်အင်အားမှာ အင်အား ၁၀၀၀ခန့် အထိ ရှိလာပါသည်။

     ကင်မွန်းတော်ပြည်သူ့စစ်အနေဖြင့် တိုက်ပွဲဖြစ်ချိန် တိုတောင်းခြင်း ဌာနေတပ်၏ ရဲဝင့်စွာ စနစ် တကျပစ်ခတ်ခြင်းတို့ကြောင့် ထိခိုက်ကျဆုံးမှု မရှိ​ပါ၊ အကြမ်းဖက် PDF များဖက်တွင်လည်းထိ ခိုက်မှုရှိသော်လည်း သေဆုံး​မှုရှိ၊ မရှိ မသိရှိရသေးကြောင်း သိရပါသည်။

      ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ပြည်သူ့စစ်ဌာနေရွာကို ဇူလိုင်လ ၄ ရက်နေ့ ညကတည်းက ဝင်ရောက်တိုက်ခိုက်မည်ဟု ကြိုတင်သတင်း ရရှိထားသောကြောင့် ကံကြီးကုန်းပြည်သူ့စစ်ရွာပတ်ဝန်းကျင်၌ ရှေ့ထွက်မိုင်းများ၊တိုက်မိုင်းများ၊ မိုင်းကွင်း အဆင့်ဆင့်ထားခြင်း၊ ကာကင်းဘန် ကာများ၊ ပစ်ကျင်းများ စနစ်တကျထား ဆောင် ရွက်ထားခဲ့ကြောင်း၊ သို့သော်လည်း အကြမ်းဖက် PDF များသည် လက်နက်ကြီး၊ ၄၀ မမများ ပစ်လွှတ်ပြီး အသေခံ ဝင်ရောက်စီးနင်း တိုက်ခိုက်
လာမှုကြောင့် ကာကင်း၊ဘန်ကာများ တစ်ခုပြီးတစ်ခု စွန့်လွှတ်ခဲ့ရကြောင်း၊ အကြမ်းဖက် PDF များသည် စိတ်ကြွ မူးယစ်ဆေး သုံးစွဲထားကြကြောင်း သိရှိရပါသည်။

     နောက်ဆုံး တိုက်ပွဲအချိန်ကြာမြင့်လာ၍ ခဲယမ်းလျော့နည်းလာမှုကြောင့် အရေးပေါ် လေ ကြောင်းပစ်ကူ အမြန်ဆုံးပေးနိုင်ရေး တင်ပြခဲ့ရကြောင်း၊ အကြမ်းဖက် PDF များသည် ကျေးရွာအတွင်း ​ပြည်သူ့စစ်လုံခြုံရေးပူးပေါင်းအဖွဲ့၏ ဌာနချုပ်အဖြစ် အသုံးပြုနေသည့် နေရာနှင့် ကိုက် ၁၀၀ အတွင်းထိ ရောက်ရှိလာကာ နေအိမ်များကို အကာအကွယ်ယူ ပစ်ခတ်ခြင်းကြောင့် ပြည်သူစစ် လုံခြုံရေး ရဲတပ်ဖွဲ့မှ ၂ ဦး ဒဏ်ရာ ရရှိ(မစိုးရိမ်ရ)၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ဦး ဒဏ် ရာရရှိ(မစိုးရိမ်ရ)၊ကျေးရွာအတွင်းရှိ နေအိမ် ၆ လုံးကို မီးရှို့ခြင်း၊ နွား ၈ ကောင် လက်နက်ကြီးထိမှန်ခံရခြင်း၊ ရွာအတွင်းနေထိုင်သူ ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်သော ဦးမြမိုး မိသားစု ၃ ဦးအား ပစ်ခတ် သတ်ဖြတ်သွားခြင်း ၊ ယခင်နေ့က ပေးပို့ထားသော စားနပ်ရိက္ခာ အချို့ လုယက်ယူဆောင်သွားခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။

      အထက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စောင့်ကြည့် သတင်းမှန်များရယူပြီး ချင်းတွင်းမြစ်ရေကြောင်းမှ စစ်ကူ မော်တော် ၃ စီး စေလွှတ်ခြင်း၊ မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့နယ် ဘက်မှ ကုန်းလမ်းဖြင့် စစ်ကူစစ်ကြောင်း စေ လွှတ်ခြင်း၊ ချောင်းဦးမြိူ့နယ်၊အမြင့်တိုက်နယ် ရဲစခန်းဖက်မှ ကုန်းလမ်းဖြင့် စစ်ကူစစ်ကြောင်း စေလွှတ်ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း တိုက်ပွဲဖြစ်ပွါးရာသို့ မရောက်နိုင်သေး၍ အချိန်မီလေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပစ်ကူပေးခြင်း ဗုံးချခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ အရေးပေါ် လေကြောင်း ပစ်ကူကြောင့် ကံကြီးကုန်းပြည်သူ့စစ်ရွာ၏မြောက်ဖက် ဝယာရွာတွင် အကြမ်းဖက် PDF အလောင်းများ ထော်လာဂျီဖြင့် တစ်ချို့ တင်ထားလျှက် ၅၀ ကျော်ခန့်ကို အမြင့်တိုက်နယ်တွင် အခြေပြုစစ်ကူလာသည့်စစ်ကြောင်းဖြင့်တွေ့၍ ထော်လာဂျီယာဥ်နှင့် အလောင်းများထားကာ ထွက်ပြေးသွားကြကြောင်း၊ ရွာအရှေ့ဖက်မှ အကြမ်းဖက် PDF အလောင်း ၅၀ ကျော်တွင် ၃၀ ခန့်ကို တောင်ဖီလာ အကြမ်းဖက် PDF စခန်းသို့ ထော်လာဂျီဖြင့် လည်းကောင်း ၊ ၂၀ ခန့်ကို မကျီးခွရွာ သုဿန်သို့ထော်လာဂျီဖြင့် လည်းကောင်း သယ်ယူသွားကြောင်း၊ ဆားလင်းကြီးမြို့နယ်၊နှောကတို့ရွာနှင့် တောင်ကြားရွာ အကြမ်းဖက် PDF ရွာများသို့ အလောင်း ၁ လောင်းနှင့် ဒဏ်ရာရ အမျိုးသမီး တဦးကို စက်လှေဖြင့် သယ်ယူသွားကြောင်း ၊ မြောင်မြို့နယ် မကျီးဘုတ် ဆေးရုံ၌ ဒဏ် ရာ ရ အကြမ်းဖက်များ ၂၀ ဦးခန့် ဆေးကုသရန် သယ်ယူသွားကြောင်း သိရှိရပါသည်။

       အကြမ်းဖက် PDF ကျန်အင်အား ၄၀၀ ခန့်သည် ကံကြီးကုန်းပြည်သူ့စစ်ရွာ၏တောင်ဖက် ၂ မိုင် အကွာရှိ ရွှေလှေရွာ၊ သုဝဏ္ဏဟန်သာရာမကျောင်းတွင် ဆုတ်ခွါ ရောက်ရှိနေကြောင်းသိရှိရ၍ တိုင်းစစ်ဌာနချုပ်သို့ အချိန်နှင့် တပြေးညီ သတင်းပေးပို့ခဲ့ရာ တောင်ဖက်မှ လာသော ရေစကြို စစ်ကြောင်းနှင့် တွေ့၍ ရွှေလှေရွာ အရှေ့ဖက်၊ ပေါက်အင်းအရှေ့ဖက်ရှိ မြောင်မြို့နယ်၊ မကျီးဘုတ်၊ပသီးနားသီးဘုရားနှင့် ကပ်လျှက် ဘုန်းကြီးကျောင်း ၌ အကြမ်းဖက် PDF များ မွန်းလွဲ ၁၂ နာရီက ဆုတ်ခွါထွက်ပြေး ရောက်ရှိနေကြောင်း သိရှိရပါသည်။

       ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက် PDF များ စုဖွဲ့လှုပ်ရှား လမ်းကြောင်းများကို ပြည်သူ့စစ်အဖွဲ့များနှင့် ချိတ်ဆက် သတင်းပေး/ သတင်းယူခြင်း၊ မြို့နယ်နှင့် နီးစပ်ရာကျေးရွာ
များမှ နယ်မြေသတင်းရယူခြင်းများ ဆောင်ရွက်ပြီး သက်ဆိုင်ရာ အဆင့်ဆင့်သို့ အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပြည်သူ့စစ်ရွာအနေဖြင့် ထိခိုက်မှုလျော့နည်းခဲ့ရသလို၊ အကြမ်း ဖက် PDF အလောင်း ၁၀၀ ကျော် နှင့် ဒဏ်ရာရ အကြမ်းဖက် ၂၀ ခန့် ချေမှုန်းနိူင်ခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN