ဝက်လက်မြို့နယ်၏ ဇွန်လ (တတိယပတ်)တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း

ဇူလိုင် ၆

    စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ဝက်လက် မြို့နယ်၏ ၂၀၂၃ခုနှစ်၊ဇွန်လ (တတိယပတ်)တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-) ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင်(၉၅၀၀ဝိ/-)ကျပ်၊  ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၂၄၀၀၀၀ဝိ/-)ကျပ် ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၉၈၀၀ဝိ/-) ကျပ် ရှိကြောင်း၊ ဇွန်လ(ဒုတိယပတ်)၌ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-) ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁) အိတ်လျှင်(၉၅၀၀ဝိ/-)ကျပ်၊  ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀) လျှင် (၂၃၅၀၀၀ဝိ/-) ကျပ် ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၉၇၀၀ဝိ/-) ကျပ် ရှိခဲ့သဖြင့်  ဇွန်လ(ဒုတိယပတ်)နှင့် ဇွန်လ(တတိယပတ်) စပါး/ဆန်ဈေးနှုန်း နှိုင်းယှဉ်လျှင် ဇွန်လ(တတိယပတ်)၌ ရွှေဘိုပေါ်ဆန်းစပါးနှင့် ဆန်ဈေးနှုန်းမှာ ဈေးနှုန်းအတက်အကျမရှိဘဲ တည်ငြိမ်လျက်ရှိပြီး  ဧရာမင်းစပါးဈေးနှုန်းမှာ (၅၀၀၀ဝိ/-)ကျပ်နှင့် ဆန်‌ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၁၀၀ဝိ/-) ကျပ်မြင့်တက်လျက်ရှိကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရ ရှိပါသည်။

#PAN