ရန်ကုန်ဆိပ်ကမ်းသို့ အခုလအတွင်း နိုင်ငံတကာကုန်တင်သင်္ဘော ၅၃ စင်းဆိုက်ကပ်မယ်

ဇူလိုင် ၆

     ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ယခု ဇူလိုင်လအတွင်း နိုင်ငံတကာကုန်သွယ်ရေ ကြောင်း သင်္ဘော ၅၃ စင်း ဆိုက်ကပ် ကုန်သွယ်မယ်လို့မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကနေ သိရပါတယ်။

     ဇူလိုင်လအတွင်း နိုင်ငံတကာ သင်္ဘောလိုင်းတွေဖြစ်တဲ့  Sealand Maersk Asia ၊ Samudera Shipping၊ SITC၊ MSC တို့အပါအဝင် သင်္ဘောလိုင်း ၁၃လိုင်းက ကုန်တင်သင်္ဘော အစင်းရေ ၅၃စင်း ဆိုက်ကပ်မှာဖြစ်ပြီး နိုင်ငံ ရဲ့ ပို့ကုန် ၊ သွင်းကုန် လိုအပ်ချက်တွေအတွက် ကုန်သွယ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ကနေ ဇွန်လအထိ ရန်ကုန်ဆိပ်ကမ်းကို နိုင်ငံတကာကုန်တင်သင်္ဘော ၂၀၀ကျော် ဝင်ရောက်ဆိုက်ကပ်မှု ရှိခဲ့တယ်လို့လည်း သိရပါတယ်။

      ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ကုန်တင်သင်္ဘောများ ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီး ကုန်သွယ်မှု များကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများမှ အလျား မီတာ ၂၀၀၊ တန်ချိန် ၃၀၀၀ ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကုန်တင်သင်္ဘောများ ဆိုက်ကပ်နိုင်သော ဆိပ်ခံတံတား ၂၇ စင်းဖြင့် ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်း ရန်ကုန်ဆိပ်ကမ်းကို နိုင်ငံတကာသင်္ဘောလိုင်းတွေရဲ့ ကုန်သေတ္တာတင်သင်္ဘော ၆၅၅ စင်း ဝင်ရောက်မှုရှိခဲ့တာလည်း ဖြစ်ပါတယ်။

#PAN