“မက္ကဆီကိုနိုင်ငံတောင်ပိုင်းတွင် ခရီးသည် ဘတ်စ်ကားတစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့ပြီး လူ ၂၉ဦးသေဆုံးကာ လူ ၁၉ ဦးထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြ”

ဇူလိုင် ၆

မက္ကဆီကိုနိုင်ငံ တောင်ပိုင်းတွင် ဘတ်စ်ကားတစ်စီး လမ်းချော်မှုဖြစ်ပွားခဲ့ပြီး လမ်းဘေးရှိ လျှိုမြောင်တစ်ခုအတွင်းသို့ ကျခဲ့ပြီး လူ ၂၉ ဦး သေဆုံးမှုဖြစ်ပွားခဲ့ ရတာဖြစ်ပါတယ်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုသည် မော်တော်ယာဥ်၏ စက်ပိုင်း ဆိုင်ရာ ချို့ယွင်းချက်ကြောင့် ဖြစ်နိုင်တယ်လို့ အစိုးရရှေ့နေရုံးက ပြောဆိုထားကြပါတယ်။

မက္ကဆီကိုနိုင်ငံ၏ ပြည်တွင်းမီဒီယာက ထုတ်ပြန်ချက်များ အရ မက္ကဆီကိုနိုင်ငံ တောင်ပိုင်းတွင် ပြီးခဲ့သည့် ဇူလိုင်လ ၅ရက် ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းက ဘတ်စ်ကား တစ်စီးလမ်းဘေးရှိ လျှိုမြောင်တစ်ခုထဲကို ထိုးကျမှုဖြစ်ပွားခဲ့ရပြီး အနည်းဆုံး လူ ၂၉ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြည်နယ် အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်လို့ ဖော်ပြထားကြပါတယ်။

မြို့တော် မက္ကဆီကိုစီးတီးမြို့၏ တောင်ပိုင်း အစွန်ပိုင်း Oaxaca ပြည်နယ်ကို ဖြတ်သန်း သွားလာနေသည့် ဘတ်စ်ကားတစ်စင်းသည် Magdalena Penasco မြို့အနီးတွင် ယာဉ်မောင်းသူက ယာဥ်အား ထိန်းချုပ်မှု ပြတ်တောက်သွားတယ်လို့ ယူဆရပြီး အဆိုပါနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် လမ်းဘေးရှိ လျှိုမြောင်အတွင်းသို့ ထိုးကျသွားခဲ့တာဖြစ်နိုင်ကြောင်း အဆိုပါ ပြည်နယ်၏ ပြည်ထဲရေးဝန်ကြီး Jesus Romero က ထုတ်ပြန်ပြောကြား ထားတာ လည်း ဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။