ဘီးလင်းမြို့နယ်​တွင် အပြစ်မဲ့ပြည်သူ တစ်ဦး လူသတ်အကြမ်းဖက် PDF များထောင်းထားသော မိုင်း နင်းမိပြီး စိုးရိမ်ရဒဏ်ရာရ

ဇူလိုင် ၆

    မွန်​ပြည်​နယ်​၊ ကျိုက်​ထိုခရိုင်​၊ ဘီးလင်းမြို့နယ်​၊နတ်​ကြီး​ကျေးရွာအုပ်​စု၊ ရှမ်းစုရပ်​ကွက်​အနီးရှိ နတ်​ကြီး – ဘင်​ဘန်းသွားကားလမ်း​ဘေးတွင်​ ယမန်နေ့ ည ၇ နာရီအချိန်​ခန့်က နတ်​ကြီး​ကျေးရွာအုပ်​စု ၊ရှမ်းစုရပ်​ကွက်​တွင်​နေထိုင်​သူ ဦး​ဇော်​ဝမ်း၊၃၀ နှစ်​သည်​ နတ်​ကြီး – ဘင်​ဘန်းသွား ကားလမ်း​ဘေးတွင်​ PDF အမည်ခံ အကြမ်းဖက်​သောင်း ကျန်းသူများ၏​ ထောင်​ထား​သော မိုင်းကို နင်းမိခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ မိုင်း​ပေါက်​ကွဲခဲ့မှု​ကြောင့်​ ဦး​ဇော်​ဝမ်း မှာ ယာဘက်​ပါး​ပေါက်​ပြဲ ၊ ယာဘက်​လက်​ကောက်​ဝတ်​ပေါက်​ပြဲ ၊ ယာဒူး​ခေါင်း​ဖောက်​ဝင်​၊ ဝဲဒူး​ခေါင်း​အောက်​ဖောက်​ဝင်​၊ယာဘက်​ပေါင်​ဖောက်​ဝင်​( စိုးရိမ်​ရ )ဒဏ်​ရာများရရှိပြီး သထုံခရိုင်​ပြည်​သူ့​ဆေးရုံကြီးသို့ ပို့​ဆောင်​ဆေးကုသမှု​ဆောင်​ရွက်​နေ​ကြောင်းသတင်းရရှိပါသည်​။

#PAN