နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာ ရဲစခန်း အပေါ်သို့ ပျံဝဲလာသည့် Drone ကို လုံခြုံရေးပူးပေါင်းအဖွဲ့က လိုက်လံရှင်းလင်းစဥ် အကြမ်း ဖက်သောင်းကျန်းသူ PDF ၄ ဦးနှင့် ပစ်ခတ်မှုဖြစ်ပွားပြီး Drone တစ်စီးနှင့် ခဲယမ်းများ သိမ်းဆည်ရမိ

ဇူလိုင် ၆

     ယနေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊
၊ ဝက်လူးကျေးရွာ ရဲစခန်း အပေါ်သို့  Drone ပျံဝဲသံကြားရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို သတ်မှတ်
နေရာ အသီးသီးတွင်နေရာယူစေပြီး မိနစ် ၃၀ ခန့်ကြာသည်အထိ ထူးခြားမှုမရှိသဖြင့် ရဲစခန်းဝန်းအတွင်း အခြေပြုတွဲဘက် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ Drone ပျံဝဲလာသည်ဟု ယူဆရသောနေရာသို့ လိုက်လံရှာဖွေရှင်းလင်းခဲ့ရာ ရဲစခန်း၏ အနောက်မြောက်ဘက် ၁ မိုင်ခန့်အကွာ၊ ဝက်လူး- ကန်ဦး သွားလမ်း၊ ရွာလမ်းမ၏ မြောက်ဘက် ကိုက် ၄၀၀ အကွာတွင် Drone အားဖြုတ်ယူသိမ်းဆည်းနေသော အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသည့် လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF ၄ ဦးကို သေနတ်အရှည်များဖြင့် တွေ့ရှိရသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့က ၄၀ မမ ဗုံးသီးနှင့် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်အဖွဲ့မှာ တောဝေး- ဗဟတ်- ရုံးရင်းတောဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရပါသည်။

        အဆိုပါဖြစ်စဉ်တွင် မိမိဘက်မှ ထိခိုက်မှုတစ်စုံတစ်ရာ မရှိပါကြောင်းနှင့် အကြမ်းဖက်အဖွဲ့
(စိစစ်ဆဲ)ထံမှ အမျိုးအမည်စိစစ်ဆဲ အရှည် ၄ ပေခန့်ရှိ အနက်ရောင် Drone ၁ စင်း(ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၇၀၀)ခန့်၊ ကျားဝတ် ပုဆိုးဟောင်း ၂ ထည်၊ အနက်ရောင်ကွက်ကြားဘေးလွယ်အိတ် ၁ လုံး၊ AK – 47 ကျည် (၇.၆၂) ကျည် ၁၀တောင့် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသတင်းရရှိပါသည်။

#PAN