“အမေရိကန် သမ္မတ အပါအဝင် အမေရိကန် နိုင်ငံ၏ အစိုးရအုပ်ချုပ်ရေးအဖွဲ့ဝင်များအား Covid – 19 ကပ်ရောဂါ စမ်းသပ်ကရိယာများ ဝယ်ယူမည့် ခေါင်းစဥ်ဖြင့် ကန်ဒေါ်လာ ၁.၁ဘီလီယံနီးပါး ခိုးယူးထားကြောင်း သတင်းဌာနအချို့ စွပ်စွဲပြောဆိုနေကြ”

ဇူလိုင် ၅

အမေရိကန်နိုင်ငံ သမ္မတ Joe Biden အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ကိုရိုနာဗိုင်းရပ် Covid-19 ကပ်ရောဂါကို စမ်းသပ်နိုင်သည့် ကိရိယာများ များစွာ ဝယ်ယူနိုင်ရေးခေါင်းစဥ်ဖြင့် အမေရိကန်နိုင်ငံ၏ အခွန်ပေးဆောင်သူများထံမှ ကန်ဒေါ်လာ ၉၀၀ ကန်ဒေါ်လာ ၁.၁ ဘီလီယံထိ ခိုးယူခဲ့တာ ဖြစ်တယ် လို့သတင်းဌာနအချို့က စွပ်စွဲပြော ဆိုထားကြပါတယ်။

သတင်းများအရ Biden နှင့် သူ၏ ခရိုနီအဖွဲ့ များက အဆိုပါ စမ်းသပ်ကိရိယာ ၁၀၀,၀၀၀ ကို တစ်ခုက်ို ကန်ဒေါ်လာ ၁ ဒေါ်လာ စီ ဖြင့် ဝယ်ယူခဲ့ကြောင်းဖော်ပြထားပြီး ပထမဝယ်ယူမှု အသုတ် တွင် သန်း ၃၀၀ နှင့် ဒုတိယအသုတ်တွင် သန်း ၁၀၀ စုစုပေါင်း ကန်ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိ ကိုရိုနာဗိုင်းရပ် စမ်းသပ်ကရိယာများကို ဝယ်ယူခဲ့ကြတာဖြစ်ပြီး ကျန်ရှိသောတဲ့ငွေတွေ ဘယ်ရောက်သွားတာလဲ လို့ အမေရိကန်အခြေစိုက် သတင်းဌာနအချို့က Root For America သတင်း ဝက်ဘ်ဆိုက်၏ အစီအရင်ခံစာတစ်ခုကို ကိုးကားပြီး ပြီးခဲ့သည့် ဇူလိုင် ၄ရက်နေ့က Biden အစိုးရအား မေးခွန်းထုတ် ဖော်ပြပြော ဆိုထားကြပါတယ်။