“Shanghai Cooperation Organisation အဖွဲ့အစည်းကြီး၏ ၂၃ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကြီးကို အိန္ဒိယက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်”

ဇူလိုင် ၄

အိန္ဒိယနိုင်ငံ၏ ၀န်ကြီးချုပ် Narendra Modi က ယနေ့ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံ အတွင်း ကျင်းပပြုလုပ်မည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Shanghai Cooperation Organisation (SCO) ၏ ၂၃ ကြိမ် မြောက် အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင် ရွက်ပေးသွား မှာဖြစ်ပါတယ်။

အဆိုပါ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) တွင် အီရန်နိုင်ငံသည် အဖွဲ့၏ အမြဲတမ်း အဖွဲ့ဝင်ဖြစ်လာမည်ဖြစ်ပြီး ဘီလာရုစ်နိုင်ငံကိုလည်း အဖွဲ့ဝင်နိုင်ငံ အဖြစ် တရားဝင် သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။

မွန်ဂိုလီးယားနိုင်ငံ နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံတို့ကို အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေးကြီး၏ လေ့လာသူနှင့် ဧည့်သည်အဖြစ် သတ်မှတ်ပြီး ဖိတ်ကြားထားခဲ့ ပါတယ်။

Shanghai Cooperation Organisation (SCO) အဖွဲ့ဝင်နိုင်ငံများ ၏ တွေ့ဆုံဆွေးနွေးမှုများတွင် ဥရောပသမဂ္ဂ ဆိုင်ရာ တရုတ်သံအမတ်ကြီးဟောင်း လည်းဖြစ်သူ SOC အဖွဲ့အစည်း၏ အထွေထွေအတွင်း ရေးမှူး Zhang Ming နှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ဒေသဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဖွဲ့စည်းပုံ (RATS) ၏ အမှုဆောင်ကော်မတီ ဒါရိုက်တာ Ruslan Mirzaev တို့လည်းပါဝင် တက်ရောက် သွားကြမှာဖြစ်ပါတယ်။

UN နဲ့ ASEAN အဖွဲ့အစည်းများတွင် ပါဝင်သော နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးကိုလည်း ဖိတ်ကြားထားပြီး အိန္ဒိယနိုင်ငံက SCO ဥက္ကဋ္ဌ ရာထူး ဖြင့်ဆောင်ရွက်ခြင်းသည် SCO အဖွဲ့ဝင်နိုင်ငံများ၏ လုံခြုံရေးများ နှင့် အဖွဲ့ဝင် နိုင်ငံအချင်းချင်း ချိတ်ဆက်မှုအား မြှင့်တင်ပေးသည့် အပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှု၊ စည်းလုံးညီညွတ်မှု၊ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားမှုများနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးတို့ကိုပါ မြှင့်တင်ရန် နိုင်ရန်ရည်ရွယ်ထားကြောင်း Shanghai Cooperation Organisation (SCO) အဖွဲ့အစည်း၏ တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြ ထားပါ တယ် လို့ သတင်းဌာနများ ကပြောဆို နေကြပါတယ်။