အများနှင့်သက်ဆိုင်သော ကုမ္မဏီလီမိတက် (MAEX)မှ ကျပ်ငွေ ၂၀၂ သန်း တန်ဖိုးရှိတဲ့ ရှယ်ယာအစောင်ရေ ၁၁၂,၄၇၃ အရောင်းအဝယ်ဖြစ်ခဲ့

ဇူလိုင် ၄

      ရန်ကုန်စတော့အိတ်(စ်)ချိန်း(YSX)မှာ စာရင်းဝင်ခြင်းစတင်တဲ့ မြန်မာအက်ဂရိုအိတ်(စ) ချိန်း အများနှင့် သက်ဆိုင်သောကုမ္ပဏီ(MAEX) က ပထမနေ့ဖြစ်တဲ့ ဇူလိုင်လ ၃ ရက်မှာ ကျပ်ငွေ ၂၀၂ သန်း တန်ဖိုးရှိတဲ့ ရှယ်ယာ အစောင်ရေ ၁၁၂,၄၇၃ စောင်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

      မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက် ဆိုင်တဲ့ကုမ္ပဏီ(MAEX)ဟာ အဌမမြောက်စာရင်း ဝင် ကုမ္ပဏီ ဖြစ်လာပြီး အစုရှယ်ယာများကို ပထမဆုံး စတင်အရောင်းအဝယ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

       MAEX အနေနဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်က YSX မှာ စတင်စာရင်းဝင်လျှောက် ထားခဲ့တာဖြစ်ပြီး ပထမဦးဆုံးအနေနဲ့ ရန်ကုန်စတော့အိပ်ချိန်းက စိစစ်ပြီးကော်မရှင်က ထပ်ဆင့်စိစစ်အတည်ပြုပေးခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်မှာ စာရင်းဝင်ကုမ္ပဏီအဖြစ် အတည်ပြုလက်ခံခဲ့တာ ဖြစ်ပါတယ်။

    မြန်မာအက်ဂရိုအိတ်(စ)ချိန်း အများနှင့်သက် ဆိုင်သော ကုမ္မဏီလီမိတက်(MAEX)ရဲ့ ဈေး ကွက်အဖွင့် ရှယ်ယာတစ်စုအတွက် ကြမ်းခင်း ဈေး(Base Price) မှာ ၁,၈၀၀ ကျပ် ဖြစ်ပြီး အမြင့်ဈေး (Upper Limit Price) မှာ ၂,၀၅၀ ကျပ် အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အဆိုပါကုမ္ပဏီဟာ MAEX တညင်းကုန်းလက်ကားစျေးကြီးကို အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

#PAN