ဟားခါးမြို့နယ်၊ ချီဆာကန်ရွာအနီး လူသတ်အကြမ်းဖက်သောင်းကျန်းသူ CNF များ၏ စခန်းကို တပ်မတော်နယ်မြေရှင်းလင်းရေးစစ်ကြောင်းက သွားရောက်ရှင်းလင်း၊လက်နက်ခဲယမ်းများနှင့်အတူ အကြမ်းဖက် ၂ ဦး အသေဖမ်းဆီးရမိ

ဇူလိုင် ၄

     ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် ချင်း ပြည်နယ်၊ ဟားခါးမြို့နယ်၊ ချီဆာကန်ရွာအနီးတွင် တပ်မတော်နယ်မြေရှင်းလင်းရေးစစ်ကြောင်းက လူသတ်အကြမ်းဖက်သောင်းကျန်းသူ CNF များ၏ စခန်းကို ဝင်ရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

ထိုသို့ ရှင်းလင်းတိုက်ခိုက်ရာ လူသတ်အကြမ်း ဖက်သောင်းကျန်းသူ CNF ၂ ဦးကို Supporting Refile သေနတ် ၁ လက်၊ လက်လုပ်တိုက်မိုင်း ၇လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ၂ လုံး၊ လက်လုပ်ဗုံးသီး ၇ လုံး၊ သွပ်ဆိုးကြိုး ၅ တန်းကာ ခြံစည်း ရိုး ၁၅၀၀ ပေ၊ ဗုံးခိုကျင်း ၈ကျင်း၊ ဆက်သွယ်ရေးမြောင်း ၂ခု၊ တစ်ယောက်ပစ်ကျင်း ၁၄ ကျင်းတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN